၂၀၂၃-၂၀၂၄ ဘောလုံးရာသီကတော့ ရာသီဝက်နီးပါးလောက်အထိ ရောက်ရှိလာချိန်မှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ အသင်းတွေက အရမ်းနည်းပါးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ အမှတ်ပေးလိဂ်မှာရော ပြိုင်ပွဲစုံအတွင်းမှာပါ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်တာက တစ်သင်းတည်း ရှိနေပါတယ်။

အဲ့ဒီအသင်းကတော့ ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းပါ။ လေဗာကူဆင်က ဒီရာသီမှာ အတော်လေးကို အလုပ်ဖြစ်နေတဲ့ အသင်းကောင်း တစ်သင်းဖြစ်ပြီး အခုဆိုရင် ပြိုင်ပွဲစုံ (၁၉)ပွဲအထိ ကစားပြီးချိန် နိုင်ပွဲ (၁၈)ပွဲထိ ရယူထားကာ သရေပွဲ (၁)ပွဲနဲ့ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ပါတယ်။

Photo Credit : Hudl

တကယ်တော့ လေဗာကူဆင်ဟာ စပိန် ဘောလုံးသမားဟောင်းကြီး အလွန်ဆို လက်ထက်မှာကတည်းက အသင်းဟာ အတော်လေး ပုံစံကောင်း ပြသလာနိုင်ခဲ့တာဖြစ်ပြီး မနှစ်က ရာသီမှာပဲ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ အာဆင်နယ် ကွင်းလယ်လူ ချာကာ ဘင်ဖီကာက ဘယ်နောက်ခံလူ ဂရီးမဲလ်ဒို ဆန်လွိုက်ဆီ တိုက်စစ်မှူး ဘိုနီဖေ့စ်တို့လို ကစားသမားတွေကို ဖြည့်တင်းရင်း အသင်းက အင်အားပါ ပိုမို တိုက်တွန်းလာခဲ့သလို ဘိုနီဖေ့စ်ဟာလည်း အသင်းမှာ အမှန်အကန် ခြေစွမ်းပြသနိုင်လာပါတယ်။

Photo Credit : Sportschau

ရာသီအစတုန်းက ခြေစမ်းပွဲ (၂)ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရတဲ့ လေဗာကူဆင်ဟာ ဒီရာသီထဲမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တစ်ပွဲကိုတည်းသာ သရေကျထားရင်း ကျန်တဲ့ ပွဲတွေအားလုံး အနိုင်ရထားခဲ့ပါတယ်။

လေဗာကူဆင်အသင်းက အဲ့ဒီ (၁၉)ပွဲအတွင်း စုစုပေါင်း သွင်းဂိုး (၆၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို တိုက်စစ်မှူးသစ် ဘိုနီဖေ့စ်ဟာလည်း (၁၂)ဂိုး သွင်းယူပေးထားသလို သူ့လိုပဲ ကစားသမားသစ်ဖြစ်သော ဂရီမဲလ်ဒိုးဟာလည်း (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။