မနေ့ညက ဂွတ်ဒီဆင်ပတ်ခ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ အဲဗာတန်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ မာဆေးဆိုက်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန် ကွင်းလယ်လူ အိုနာနာကို ကစားပုံ ကြမ်းတမ်းခဲ့တဲ့ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်အနေနဲ့ အနီကတ်ပြား ပြသခံခဲ့ရသင့်တယ်လို့ အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဂိုးမရှ်ိသရေအဖြစ် အဆုံးသတ်ခဲ့ရတဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲကစားချိန်မှာ ဗန်ဒိုက်က ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးပမ်းရာမှာ အဲဗာတန် ကွင်းလယ်လူ အိုနာနာရဲ့ ခြေထောက်ကို တတ်နင်းမိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အဝါကတ်ပြသ သတိပေးခဲ့ပေမယ့် ဒီဖြစ်ရပ်ကို VAR နဲ့ ပြန်လည် စစ်ဆေးခြင်း မရှိတဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ အဲဗာတန်နည်းပြ လမ်းပတ်က ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး လမ်းပတ်က “ကျွန်တော်က ဗန်ဒိုက်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦးအနေနဲ့ အရမ်းသဘောကျမိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ တလွဲ ဖျက်ထုတ်မှုတွေ လုပ်တတ်ပြီး အဲ့ဒါတွေက ဆိုးရွှားပါတယ်”

Photo Credit : Hot Fast News

“ကျွန်တော့်ကစားသမား ခြေထောက်က မြေပြင်ပေါ်ကျချိန်မှာ သူက ကစားသမားရဲ့ ညို့သကျည်းကို သူ့ခြေထောက်နဲ့ ထိမိနေပြီ။ဒါကို VAR နဲ့ ပြန်မစစ်ဆေးတဲ့အပေါ် ကျွန်တော် အံ့သြမှင်သက်မိတယ်။ ဒါဘီပွဲစဥ်တွေအတွင်းမှာ ဆိုးဆိုးရွှားရွှား ဖျက်ထုတ်မှုတွေ ရှိတတ်ကြတယ်ဆိုတာ ကြိုတင်ပြောဆိုမှုတွေ ရှိခဲ့ကြသလို ကွင်းလယ်ဒိုင်ကလည်း ဒီပွဲမှာ လုပ်ရမယ့် အရာတစ်ခု ရှိနေပြီး ဒါကပဲ သူနဲ့ VAR အတွက် အမှားတစ်ခု ဖြစ်သွားခဲ့တယ်။ ကျွန်တော့်အမြင်ကတော့ အဲ့ဒါက အနီကတ်ပါပဲ။ ဒီပြစ်ဒဏ်သာ ဖြစ်လာခဲ့ရင် လက်ကျန်မိနစ်တွေမှာ သွားသက်ရောက်နိုင်ပါတယ်။ ဗာဂျယ်က လုံးဝကို ကံကောင်းသွားခဲ့ပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ နိုင်ပွဲ လုံးဝမရှိသေးပဲ ရလဒ်တွေ ဆိုးရွှားနေတဲ့ လမ်းပတ်ရဲ့ အဲဗာတန်အသင်းဟာ သူတို့ထက် အရာရာမှာ သာလွန်နေတဲ့ မြို့ခံအသင်း လီဗာပူးလ်ဆီကနေ သရေတစ်မှတ် အရယူနိုင်ခဲ့တာက အဖိုးတန် သရေပွဲ ဖြစ်ခဲ့ရပေမယ့် ဗန်ဒိုက်ကို foul ကို VAR နဲ့ ပြန်လည် မစစ်ဆေးတာနဲ့ ကိုအာဒီရဲ့သွင်းဂိုးကို VAR မှာ လူကျွံနေတယ်ဆိုပြီး ဂိုးအဖြစ် လက်မခံခဲ့ခြင်းတွေက အဲဗာတန်အတွက် နစ်နာခဲ့ရပါတယ်။