လိုင်ယွန် လူငယ်အသင်းမှာ ဘောလုံးသမားဘဝကို အစပျိုးခဲ့ပြီး လက်ရှိမှာ လိုင်ယွန်အသင်းဆီ ပြန်လည် ပူးပေါင်းထားခဲ့တဲ့ တိုက်စစ်ကစားသမားကြီး အလက်ဆန်းဒါးလာကာဇက်ရဲ့ အိမ်အပြန်ခရီးစဉ်ဟာ ဘယ်သူမှ မထင်ထားလောက်အောင်ကို တောက်ပနေခဲ့ရပါတယ်။

Alexandre Lacazette completes Arsenal medical before £52.7m move from Lyon  | Arsenal | The Guardian

Photo Credit : The Guardian

ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ မွေးပြီး ညီအစ်ကို (၄)ယောက်ထဲမှ အငယ်ဆုံး သားတော်မောင် လာကာဇက်ဟာ (၁၂)နှစ်သားအရွယ်မှာပဲ လိုင်ယွန် လူငယ်အသင်းဆီကို ရောက်ရှိနေတာဖြစ်ပြီး ၂၀၁၀မှာပဲ လိုင်ယွန် အသင်းကြီးနဲ့ စတင် ပူးပေါင်းခွင့် ရရှိခဲ့ပါတယ်။ ၂၀၁၀ကနေ ၂၀၁၇ခုနှစ်အထိ လိုင်ယွန်အသင်းမှာ ဖြတ်သန်းခဲ့တဲ့ လာကာဇက်ဟာ ၂၀၁၇ခုနှစ် နွေရာသီမှာတော့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့အတူ (၅)ရာသီအထိ ကျင်လည်ခဲ့ပါတယ်။

Photo Credit : The Athletic

အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၀၆)ပွဲမှာ (၇၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ လာကာဇက်ဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းဟောင်း လိုင်ယွန်ဆီ (၃)နှစ်စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့ပြီး လာကာဇက်ရဲ့ တစ်ကျော့ပြန် အိမ်အပြန်ခရီးစဉ်ဟာလည်း မျက်နှာပန်းလှခဲ့ရပါတယ်။ အရင်က လိုင်ယွန်မှာ (၂၇၅)ပွဲကစားပြီး (၁၂၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ လာကာဇက်က အခုဆိုရင် ဒီရာသီမှာ (၃၅)ပွဲ ကစားထားရင်း (၂၈)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့လို့ သူရဲ့လိုင်ယွန် ကစားသမား သွင်းဂိုးအရေအတွက်ဟာလည်း (၁၅၀)ကျော်သွားခဲ့ပါတယ်။

Ex-Arsenal star Alexandre Lacazette overtook Kylian Mbappe as Ligue 1 top  scorer after netting FOUR goals in Lyon's crazy comeback win over  Montpellier | Goal.com US

Photo Credit : Goal

အသက် (၃၁)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟောင်း လာကာဇက်ဟာ ပြီးခဲ့တဲ့ လိုင်ယွန် နဲ့ မောင့်ပယ်လီယာတို့ရဲ့ လီဂူးပွဲမှာလည်း လိုင်ယွန်အသင်းအတွက် သူ တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူပြီး အသင်းကို နိုင်ပွဲရအောင် ကယ်တင်ပေးနိုင်ခဲ့သလို ဒီရာသီ လီဂူးပြိုင်ပွဲ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလည်း ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေနဲ့ (၂၄)ဂိုးချင်း တူညီစွာ ရပ်တည်နေပါတယ်။ လက်ကျန် (၄)ပွဲမှာ လာကာဇက်အနေနဲ့ လိုင်ယွန်အတွက် ဂိုးတွေ ဆက်သွင်းပြီး လီဂူး ဂိုးသွင်းဘုရင်ဆုကိုပါ သိမ်းပိုက်သွားနိုင်မလားဆိုတာ…