ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး ကီလီယန်အမ်ဘာပေက လာမယ့်နွေမှာ သူ့အသင်းဖော်ဟောင်း ဘာနာဒိုဆေးလ်ဗားကို မန်ချက်စတာစီးတီးအသင်းကနေ ခေါ်ယူပေးဖို့ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေဆီ တောင်းဆိုသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

GOAL on Twitter: "Bernardo Silva wants his old buddy Kylian Mbappe to join  him at Man City 🙏 🗣 "He was already a special player for Monaco when I  was there and

Photo Credit : Twitter

ပြင်သစ်လက်ရွေးစင် ဘာပေဟာ မိုနာကိုအသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့ တစ်သင်းတည်းမှာ တွဲဖက်ကစားခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေပါ ရယူနိုင်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဘာပေက ပီအက်စ်ဂျီ ဘာနာဒိုက မန်စီးတီးအသင်းမှာ ရောက်ရှိနေပြီး ဘာပေက သူ့အသင်းဖော်ဟောင်းနဲ့ ပြန်လည် တွဲဖက်ကစားလိုတာကြောင့် လာမယ့်နွေမှာ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူပေးဖို့ အသင်းဆီ ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုလာဖို့ ပြင်ဆင်နေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sports Illustrated

ဘာပေ ဘာနာဒိုဆေးလ်ဗား ဘာကာယိုကို ဖာဘင်ဟို သောမတ်စ်လီမာ ဖယ်ကာအို ဘင်ဂျမင်မန်ဒီတို့နဲ့ အကောင်းဆုံးပုံစံကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ မိုနာကိုဟာ ဒီကစားသမားတွေနဲ့အတူ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ လီဂူးချန်ပီယံ ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ခဲ့တဲ့အထိ အလွန်ကို တောက်ပခဲ့ဖူးပါတယ်။ အဲ့ဒီဘောလုံးမှာ ဘာပေရော ဘာနာဒိုဆေးလ်ဗားပါ မိုနာကိုအသင်းအတွက် အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပြီး ဘာပေက (၂၆)ဂိုး သွင်းယူနိုင်ခဲ့သလို ဘာနာဒိုကလည်း (၁၁)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ မိုနာကိုမှာ တွဲဖက်ညီခဲ့တဲ့ သူနဲ့ ဘာနာဒိုတို့ရဲ့ အတွဲအဖက်ကို ဘာပေက ပြန်လည် အလိုရှိနေတာကြောင့် နွေဈေးကွက်အတွင်းမှာပဲ သူ့အသင်းဖော်ဟောင်းကို ခေါ်ယူပေးဖို့ ပီအက်စ်ဂျီအသင်းထံ တောင်းဆိုသွားဖို့ အသင့်ဖြစ်နေပြီး ဘာနာဒိုဟာလည်း လာမယ့်နွေမှာ မန်စီးတီးနဲ့ လမ်းခွဲဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားက မန်စီးတီးက ထွက်ခွာဖြစ်မယ်ဆိုရင် ဘာစီလိုနာအသင်းကိုသာ ပြောင်းရွေ့ချင်နေတာကြောင့် ဘာစီလိုနာထက် သူ့အသင်းဖော်ဟောင်း ဘာပေရှိရာ ပီအက်စ်ဂျီကို ပြောင်းရွေ့ဖို့ စိတ်ပြောင်းလာမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။