ပြင်သစ် သတင်းမီဒီယာ RMC Sport ရဲ့ သတင်း ဖော်ပြချက်တွေအရ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေအနေနဲ့ လာမယ့်နွေမှာ အသင်း ပြောင်းရွှေ့ခြင်းမပြုပဲ ပီအက်စ်ဂျီမှာသာ ဆက်ရှိနေမယ်ဆိုရင် စာချုပ်ပါ အချက်အလက်တွေအရ အပိုုဆုကြေး ယူရို သန်း (၉၀)အထ်ိ ရရှိမယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဘာပေဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း မေလနှောင်းပိုင်းမှာပဲ ပီအက်စ်ဂျီနဲ့ (၃)နှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကိုသာ တိုးမြှင့် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ သူတို့ရဲ့ အဓိက ကစားသမားဖြစ်သူ ဘာပေကို အလွယ်တကူ လက်မလွတ်ရဖို့အတွက် စာချုပ်သစ် ချုပ်ဆိုရာမှာ အပိုဆုကြေးပေါင်းများစွာကိုပါ ထည့်သွင်းခဲ့ပြီး တကယ်လို့ ဘာပေက ဒီနွေမှာ အသင်း မပြောင်းခဲ့ဘူးဆိုရင် သစ္စာစောင့်သိကြေး bonus အဖြစ် ယူရို သန်း(၉၀)တောင် ရရှိမယ်လို့ RMC က ဖော်ပြလာပါတယ်။

Photo Credit : Sporting News

ဘာပေကို ပီအက်စ်ဂျီအသင်းက ၂၀၂၄ခုနှစ်အထိ သက်တမ်းတိုးခဲ့ပြီး ၂၀၂၅ခုနှစ်အထိပါ ထပ်မံ သက်တမ်းတိုးနိုင်မယ့် option ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ option ကိုတော့ ဘာပေကိုယ်တိုင် လုပ်ဆောင်မှသာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ထပ် ပြင်သစ်မီဒီယာ L’Equipe ရဲ့ ဖော်ပြချက်မှာတော့ ဘာပေအနေနဲ့ တစ်နှစ်တိုး option ကို လုပ်ဆောင်မလားဆိုတာ အခုနှစ် ဇူလိုင်လ မတိုင်ခင်မှာပဲ ဆုံးဖြတ်ချက်ချသွားရမှာဖြစ်ပြီး ဘာပေကိုယ်တိုင်ကတော့ ဒီ option ကို မလုပ်ဆောင်ပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit : DayFR Euro

ပီအက်စ်ဂျီက လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းက လီယွန်နယ် မက်ဆီကို free transfer နဲ့ လက်လွတ်ရတော့မှာဖြစ်ပြီး နေမာကိုလည်း အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေရာ ဘာပေရဲ့ စာချုပ်အခြေအနေဟာလည်း ခေါင်းခဲစရာ အနေအထားမှာ ရှိနိုင်သလို တိုက်စစ်ပိုင်းအတွက်ကိုလည်း ကစားသမား ဖြည့်တင်းမှုတွေပါ ထပ်မံ လုပ်ဆောင်သွားရပါတော့မယ်။