မန်စီးတီးအသင်းဟာ လာမယ့် နွေရာသီမှာ အသင်း ကွင်းလယ်ပိုင်းအတွက် ချယ်လ်ဆီးအသင်းရဲ့ ခရိုအေးရှား ကွင်းလယ်လူ မက်တီအိုကိုဗာဆစ်ကို ခေါ်ယူသွားချင်နေပြီး လက်ရှိမှာလည်း လန်ဒန်မြို့ထဲ စီးတီး တာဝန်ရှိသူတွေနဲ့ ကိုဗာဆစ်ရဲ့ အေးဂျင့်တို့ ဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Man City: Mateo Kovacic transfer news

Photo Credit : Football FanCast

အသက် (၂၈)နှစ်အရွယ် ကွင်းလယ်ကစားသမား ကိုဗာဆစ်ဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေတာကြောင့် သူ့ကို ဥရောပ ကလပ်အသင်းတွေနဲ့ ပရီးမီးယားလိဂ်အသင်းတွေက စတင် စိတ်ဝင်စားလာကြပါတယ်။ ဒီအသင်းတွေထဲမှာ မန်စီးတီးလည်း ပါဝင်လာခဲ့ပြီး ကိုဗာဆစ်ကလည်း စီးတီးနည်းပြ ဂွာဒီယိုလာ စိတ်ကြိုက် ကစားသမားတစ်ဦး ဖြစ်နိုင်တာမို့ နွေဈေးကွက်ထဲအတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Football l.ondon

လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက ရီးယဲလ်မက်ဒရစ်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကိုဗာဆစ်ဟာ ချယ်လ်ဆီးမှာ ချန်ပီယံလိဂ်ဖလား ယူရိုပါလိဂ်ဖလားတွေ ထပ်မံ ပိုင်ဆိုင်ခဲ့ရသလို အသင်းရဲ့ အဓိက ကစားသမားအဖြစ်နဲ့ပါ (၅)ရာသီအတွင်း ပွဲပေါင်း (၂၀၀)ကျော် ကစားထားခဲ့ရပါတယ်။ ဒါပေမယ့် သူရဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၄ခုနှစ် ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုးချင်နေပေမယ့် ကိုဗာဆစ်ကတော့ ချယ်လ်ဆီးက်ို စွန့်ခွာသွားဖို့သာ ဆန္ဒရှိနေပါတယ်။

Man Utd eye Man City & Liverpool target Mateo Kovacic as Frenkie de Jong  alternative

Photo Credit : 90Min

ဒါကြောင့် မန်စီးတီးဘက်က ကိုဗာဆစ်ရဲ့ အေးဂျင့်တွေနဲ့ စတင် ဆွေးနွေးလာခဲ့ရတာ ဖြစ်ပြီး အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဂန်ဒိုဂန် နဲ့ ကယ်လ်ဗင်ဖီးလစ်တို့ နေရာမှာ အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။ တကယ်တော့ မန်စီးတီးက ကွင်းလယ်ပိုင်းအတွက် ဟာလန်းရဲ့ အသင်းဖော်ဟောင်း ဘယ်လင်ဟမ်ကို ခေါ်ယူချင်နေပေမယ့် ဒေါ့မွန်ဘက်က ဘယ်လင်ဟမ်အတွက် ပြောင်းရွှေ့ကြေး များစွာ တောင်းဆိုလာနိုင်တဲ့အပြင် ဘယ်လင်ဟမ်ကို ရီးယဲလ် မန်ယူနိုက်တက်တို့လို အသင်းတွေကလည်း စိတ်ဝင်စားနေတာမို့ ဒီကစားသမားထက် ပြောင်းရွှေ့ကြေး သက်သာနိုင်ပြီး ပရီးမီးယားလိဂ် အတွေကအကြုံလည်း ပိုပြည့်ဝတဲ့ ကိုဗာဆစ်က မန်စီးတီးအတွက် အကောင်းဆုံး option တစ်ခု ဖြစ်လာခဲ့ရပါတယ်။