လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ်က သူ့ကစားသမားတွေရဲ့ ဂိုးမသွင်းနိုင်တဲ့ ပြသာနာဆိုးက ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် မျှော်လင့်ချက်များကို အဆုံးသတ်သွားစေခဲ့ရတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ မနေ့ညက ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန်တွေထဲ စုစုပေါင်း ဂိုးကန်သွင်းချက် (၁၁)ကြိမ်အထိ ပြုလုပ်ခဲ့သလို အိမ်ရှင်အသင်းလောက် ထိရောက်မှု မရှ်ိခဲ့သလို အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့ ပြဿနာကလည်း ဖြစ်နေခဲ့ပါသေးတယ်။

Photo Credit : Goal

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်က ရောဘတ်ဆန်ရဲ့ ချေပဂိုးကြောင့် ဝက်စ်ဟမ်း ဂိုးသမား အာရီယိုလာရဲ့ own goal တို့နဲ့ ပွဲကို ဦးဆောင်ခဲ့ရခဲ့ပေမယ့်လည်း အန်တိုနီယိုက ဝက်စ်ဟမ်းအတွက် ချေပဂိုး ထပ်မံ သွင်းယူခဲ့ရင်းနဲ့ ပွဲက (၂)ဂိုးစီ သရေကျခဲ့ရင်း လီဗာပူးလ်ရဲ့ ချန်ပီယံ မျှော်လင့်ချက်က အဆုံးသတ်ခဲ့ရပြီလို့ ပြောနိုင်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က “ပထမပိုင်း ပွဲချိန်ထဲမှာပဲ ကျွန်တော် မကြိုက်တဲ့ အရာတစ်ခုက ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပါပဲ။ ကျွန်တော်တို့တွေ ဒီနောက်ပိုင်းအချိန်တွေထဲ အသင်းက ဂိုးမသွင်းနိုင်တာနဲ့ ကစားသမားတစ်ဦးချင်း ဂိုးမသွင်းနိုင်တာတွေဟာ အသင်းမှာ အမြဲတမ်း တောက်လျှောက် ဖြစ်နေတာက အဓိပ္ပါယ်မရှိဘူး။”

Photo Credit : Goal

“ကျွန်တော်တို့ ဒါကို တစ်ကြိမ်လောက် လစ်လျူရှုဖို့ ကြိုးစားခဲ့ပြီ ဒုတိယပိုင်း အစလောက်မှာ ဂိုးသွင်းလိုက်နိုင်တာက သိသိသာသာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီး ဝက်စ်ဟမ်းကိုလည်း ကြီးမားတဲ့ ပြဿနာတွေ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေ (၄)ရက် (၁)ပွဲစီနဲ့ အရေးကြီးတဲ့ (၁၀)ပွဲလောက်အထိကို ကစားထားခဲ့ရလို့ မြင့်မားတဲ့ ပြင်းထန်မှုတွေတော့ လျှော့နည်းနေရပါတယ်။”

“ကျွန်တော်တို့တွေ အခွင့်အရေးတွေ ဖန်တီးခဲ့တယ်။ ကြီးကြီးမားမား စိုးမိုးနိုင်ခဲ့တယ်။ ပြီးတော့ ထောင့်ကန်ဘောကနေ ဂိုးပေးလိုက်ရတယ်။ ဒါက အဆင်မပြေပါဘူး။ ဒီပွဲမှာ သရေတစ်မှတ်ပဲ ရလိုက်တာက ကျွန်တော်တို့အတွက် မထိုက်တန်ဘူးဆိုရင်တောင်မှ အဲ့ဒီအတွက် ဘာမှ မလုပ်နိုင်တော့ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။