ဖရန့်ဖတ်အသင်းရဲ့ ဂျပန် ကြယ်ပွင့် ကစားသမား ဒိုင်ချီကာမာဒါဟာ လာမယ့် ဇွန်လမှာပဲ ဖရန့်ဖတ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အခုဆို ကာမာဒါဟာ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်ဆီ free transfer နဲ့ ပြောင်းရွှေ့ဖို့လည်း နီးစပ်လာခဲ့ရပြီလို့ သိရပါတယ်။

Daichi Kamada on Eintracht Frankfurt's UEFA Champions League race, Shinji Kagawa and more | Bundesliga

Photo Credit : Bundesliga

အသက် (၂၆)နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင် ကွင်းလယ် တိုက်စစ်ကစားသမား ကာမာဒါဟာ ၂၀၁၇ခုနှစ်က ဂျေလိဂ်ကလပ် Sagan Tosu အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် ဖရန့်ဖတ်အသင်းနဲ့ ဘောလုံးရာသီ (၅)ရာသီအထိ ဖြတ်သန်းထားခဲ့ပြီ ဖြစ်ပါတယ်။ ဖရန့်ဖတ်အတွက် (၅)ရာသီအတွင်း (၁၇၇)ပွဲ ကစားထားပြီး ဂိုး (၄၀)သွင်း ဂိုးဖန်တီးမှု (၃၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ ကာမာဒါဟာ ဒီရာသီမှာလည်း အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသနေပါတယ်။

Photo Credit : Twitter

ဂျပန် လက်ရွေးစင်အသင်းအတွက်ကိုလည်း ပွဲပေါင်း (၂၈)ပွဲအထိ ကစားထားနိုင်တဲ့ ကာမာဒါဟာ လက်ရှိမှာ ဖရန့်ဖတ်နဲ့ လက်တွဲဖြုတ်ပြီး သူရဲ့စီနီယာ ကစားသမားဟောင်းကြီး ဟွန်ဒါရဲ့ အသင်းဟောင်းဖြစ်တဲ့ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ဘောလုံးသမားဘဝကနေ အနားယူသွားပြီး နည်းပြနယ်ပယ်ထဲပါ ဝင်ရောက်နေပြီဖြစ်တဲ့ ဂျပန် ကစားသမားဟောင်းကြီး ဟွန်ဒါဟာ မီလန်အသင်းမှာ ကစားခဲ့ဖူးတဲ့ တစ်ဦးတည်းသော ဂျပန် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အခုတော့ ကာမာဒါက ဟွန်ဒါ လမ်းစဉ်အတိုင်း မီလန်ရဲ့ ဒုတိယမြောက် ဂျပန် ကစားသမား ဖြစ်လာပါတော့မယ်။

Keisuke Honda, Enner Valencia and more newcomers to watch in Liga MX Apertura | Goal.com US

Photo Credit : Goal

လက်ရှိမှာ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဟွန်ဒါက မီလန်မှာတော့ (၃)ရာသီအထိ ကျင်လည်ခဲ့တာဖြစ်ပြီး မီလန်အတွက်ကိုလည်း (၉၂)ပွဲအထိ ပါဝင်နိုင်ခဲ့ပါတယ်။ မီလန်မှာ ကျောနံပါတ် (၁၀)ကိုပါ ဝတ်ဆင်ခဲ့ရတဲ့ ဟွန်ဒါဟာ မီလန်နဲ့အတူ ၂၀၁၆ခုနှစ်က ကိုပါအီတလီယာဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သူ ကစားခဲ့တဲ့ နေရာကလည်း သူရဲ့ ဂျူနီယာဖြစ်သူ ကာမာဒါရဲ့ ကစားတဲ့နေရာနဲ့ပါ ဆင်တူနေပါတယ်။