ဂျုဗင်တပ်စ်အသင်းဟာ လာမယ့်နွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးကို ယူရို (၁၅)သန်းခန့်သာ အသုံးပြုသွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ဒီနွေမှာပဲ ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဂီတာဖေးအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲကစား (၁၀)ဂိုးသွင်းယူကာ (၆)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

ယူနိုက်တက်မှာ ကစားသမားဘဝကို ဖြတ်သန်းဖို့အတွက် အဆင်မပြေမှုတာကြောင့် ဂီတာဖေးဆီ အငှားနဲ့ပြောင်းရွှေ့ရင်း ဂီတာဖေးမှာ အတော်လေး ခြေစွမ်းပြသနေတာကြောင့် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

ဂရင်းဝုဒ်က ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ယူနိုက်တက်ဆီ ပြန်သွားဖို့ ဆန္ဒမရှိတော့သလို ယူနိုက်တက်ကလည်း ဂရင်းဝုဒ်ကို ရောင်းချသွားဖို့ ရှိနေပြီး ပြောင်းရွှေ့ကိုလည်း ယူရိူ သန်း(၃၀)လောက်အထိ အလိုရှိနေပါတယ်။

Photo Credit : Football365

ဂရင်းဝုဒ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းည်း ပါဝင်လာခဲ့ပြီး ဂျုဗင်တပ်စ်ဟာ ယခင်ကတည်းက ယူနိုက်တက်ကနေ ပေါ့ဘာ အီဗရာတို့ကို ခေါ်ယူထားခဲ့ဖူးတာကြောင့် ဂရင်းဝုဒ်ကိုပါ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။

ဒါပေမယ့်လည်း ဂရင်းဝုဒ်အတွက် ယူနိုက်တက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)ကို ဂျုဗင်တပ်စ်ဘက်က ပေးချေသွားဖို့ ဆန္ဒမရှိပဲ ယူရို သန်း(၃၀)ရဲ့ထက်ဝက်သာဖြစ်တဲ့ ယူရို (၁၅)သန်းနဲ့သာ ကမ်းလှမ်းသွားချင်နေပါတယ်။