ဂျုဗင်တပ်စ်အသင်းက မနှစ်က နွေဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းဆီ ပြန်လည် ခေါ်ဆောင်ခဲ့တဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို လက်ရှိအချိန်မှာတော့ အသင်းကနေ ပြန်ပြီး ရောင်းထုတ်သွားချင်နေတယ်လို့ အီတလီ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Juventus are open to selling midfielder Paul Pogba this summer, according to reports in Italy

Photo Credit : Daily Mail

အသက် (၃၀)အရွယ်ရှိ ပြင်သစ်လက်ရွေးစက် ကွင်းလယ်ကစားသမား ပေါ့ဘာက မန်ယူနိုက်တက်နဲ့ စာချုပ် ကုန်ဆုံးချိန်မှာပဲ သူ့အသင်းဟောင်း ဂျုဗင်တပ်စ်ဆီ free transfer နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ရင်း အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်အစမှာပဲ ဒဏ်ရာရသွားခဲ့လို့ ကာလရှည်ကြာ အနားယူခဲ့ရပါတယ်။ ဒီလို ဒဏ်ရာပြသာနာတွေကြောင့် ပေါ့ဘာရဲ့ ဒုတိယမြောက် တူရင်ခရီးစဉ်က ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၁၀)ပွဲသာ ကစားခဲ့ရသလို အဲ့ဒီ (၁၀)ပွဲမှာတောင်မှ (၁၇၂)မိနစ်လေးပဲ ကစားရတာကြောင့် (၂)ပွဲစာလောက်တောင် မရှိခဲ့ပါဘူး။

French star endured an injury-ravaged campaign, only playing 172 minutes across 10 games

Photo Credit : Daily Mail

ဒီလို ဒဏ်ရာတွေနဲ့ ရုန်းကန်နေရချိန် ဒဏ်ရာက ခဏတာ ပြန်လည် သက်သာချိန်မှာလည်း အသင်းဘက်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာမှုကြောင့် ဂျုဗင်တပ်စ်က ပေါ့ဘာကို ယူရိုပါလိဂ်ပွဲတစ်ပွဲ ban ခဲ့ပါသေးတယ်။ ဒါ့အပြင် ရာသီသိမ်းခါနီးလောက်မှာလည်း ဂျုဗင်တပ်စ် နည်းပြ အယ်လီဂရီ နဲ့ ပေါ့ဘာကြား အဆင်မပြေမှုလေးတွေ ဖြစ်ပေါ်ထားရတာကြောင့် ဒီလို အခြေအနေမှာ ဂျုဗင်တပ်စ်က ပေါ့ဘာကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ ပြန်လည် ရောင်းချသွားချင်လာတယ်လို့ အီတလီ သတင်းမီဒီယာ Gazzetta dello Sport က ဖော်ပြလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဘာကိုယ်တိုင်ကတော့ ဂျုဗင်တပ်စ်အသင်းကနေ ချက်ချင်း ပြန်လည် ထွက်ခွာသွားဖို့ ဆန္ဒမရှိသေးပဲ ပုံမှန် နေရာတစ်နေရာ ပြန်ရရှိနိုင်ဖို့အတွက်ကိုသာ ကြိုးပမ်းသွားဖွယ်သာ ရှိနေပါတယ်။ လက်ရှိမှာလည်း ပေါ့ဘာက သူ့အားလပ်ရက်ကို စောစောစီးစီး အဆုံးသတ်ပြီး အသင်းနဲ့ လျင်လျင်မြန်မြန် ပူးပေါင်းသွားဖို့သာ လုပ်ဆောင်လျက် ရှိနေပါတယ်။