ဂျုဗင်တပ်စ်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက နောက်ခံကစားသမား ဒီလစ်ကို ချယ်လ်ဆီးအသင်းဆီ လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ်ကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ အီတလီ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Chelsea keen on Matthijs de Ligt transfer as centre-back's agent holds  showdown talks with Juventus

Photo Credit : The Sun

ဂျုဗင်တပ်စ်အသင်းအနေနဲ့ အခုဈေးကွက်အတွင်း အသင်းရဲ့ ဝါရင့်နောက်ခံလူကြီး ချီလီနီကို LAFC အသင်းဆီကို လက်လွတ်ထားခဲ့ရတာကြောင့် အသင်းရဲ့ ဗဟိုခံစစ်အပိုင်းမှာ ဘနူချီနဲ့ ဒီလစ်ကို တွဲဖက်သုံးစွဲဖို့ ရှိနေပေမယ့် လက်ရှိမှာ ချယ်လ်ဆီးအသင်းက ဒီလစ်ကို ခေါ်ယူဖို့အတွက် အသည်းအသန် ကြိုးပမ်းလာတာကြောင့် ဒီလစ်ကို အသင်းမှာ ဆက်ထိန်းထားဖို့က ခက်ခဲလာနိုင်ဖွယ် ရှိနေရပါတယ်။ ချယ်လ်ဆီးဘက်ကလည်း ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး အပါအဝင် တီမိုဗာနာ ဒါမှမဟုတ် ပူလီဆစ်တို့ထဲက တစ်ဦးဦးနဲ့ အလိုက်ပေး ကမ်းလှမ်းထားသလို ပြောင်းရွှေ့ကြေးကိုပါ ထပ်မံတိုးမြင့် ကမ်းလှမ်းသွားဖို့ပါ ဆန္ဒရှိနေပါတယ်။

Juventus target shock Arsenal transfer swoop amid William Saliba decision -  football.london

Photo Credit : Football London

ဒါ့အပြင် ဒီလစ်ကို ချယ်လ်ဆီးနဲ့အပြိုင် ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့တဲ့အတွက် တကယ်လို့ နွေဈေးကွက်ထဲ ဒီလစ်ကိုသာ လက်လွတ်သွားရမယ်ဆိုရင် အာဆင်နယ်ရဲ့ အဓိက နောက်ခံကစားသမား ဂါဘရီရယ်နဲ့ ပြန်လည်အစားထိုးချင်နေပါတယ်။ အာဆင်နယ်အသင်းဘက်ကလည်း အေဂျက်စ်အသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကို ဆက်တိုက် ကမ်းလှမ်းလျက် ရှိနေသလို မနှစ်က ဘောလုံးရာသီအတွင်း မာဆေးလ်အသင်းမှာ အတော်လေး ခြေစွမ်းပြခဲ့တဲ့ လူငယ်နောက်ခံလူ ဆဘီဘာပါ အာဆင်နယ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်တာကြောင့် တကယ်လို့ မာတီနက်ဇ်သာ အာဆင်နယ်ကို ရောက်လာခဲ့မယ်ဆိုရင် အာဆင်နယ်ရဲ့ ဗဟိုခံစစ်ပိုင်းမှာ ဘင်ဝှိုက် မာတီနက်ဇ် ဂါဘရီရယ် ဆလီဘာ ဟိုးဒင်းတို့ (၅)ဦးအထိ ရှိနေရသလို ညာနောက်ခံလူ တိုမီယာစုပါ ဗဟိုခံစစ်မှာ ပါဝင်နိုင်မှာဖြစ်လို့ ဂါဘရီရယ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ လက်လွတ်သွားနိုင်ဖွယ် ရှိနိုင်ပါတယ်။ အီတလီအခြေစိုက် Calciomercato သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ အာဆင်နယ်က ဂါဘရီရယ်ကို အသင်းကနေ အလွယ်တကူ မဆုံးရှုံးသွားချင်ပေမယ့် မဖြစ်မနေသာ ရောင်းချရမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)ထိ တောင်းဆိုနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။