ရီးယဲလ်မက်ဒရစ်အသင်းမှာ (၁၄)နှစ်တာအထိ ကာလရှည်ကြာ ပါဝင် ကစားခဲ့သူ ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာက လက်ရှိမှာ အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့တာကြောင့် ရီးယဲလ်က ဘန်ဇီမာနေရာမှာ ပြန်လည် အစားထိုးဖို့ ကစားသမား လိုအပ်လာခဲ့ရာ လက်ရှိမှာတော့ ကစားသမားဟောင်းတစ်ဦးကို ပြန်လည် ခေါ်ယူဖို့ နီးစပ်နေပါတယ်။

Joselu rescues Alaves with late equalizer vs. Getafe - Stream the Video - Watch ESPN

Photo Credit : ESPN

ဒီ ကစားသမားကတော့ စပိန် တိုက်စစ်ကစားသမား ဟိုဆေးလူပါ။ လက်ရှိမှာ အသက် (၃၃)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူးက ဆယ်လ်တာဗီဂိုအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှ ရီးယဲလ် လူငယ်အသင်းဆီ ရောက်ရှိလာခဲ့ရင်း ၂၀၁၀-၂၀၁၁ ဘောလုံးရာသီမှာ မိုရာတာနဲ့အတူ ရီးယဲလ် လူငယ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ရပါတယ်။ ဒီလို ခြေစွမ်းတွေ ပြသခဲ့လို့ ရီးယဲလ် အသင်းကြီးဆီ ရောက်ရှိသွားတဲ့ ဟိုဆေးလူဟာ ရီးယဲလ် စီနီယာအသင်းမှာတော့ နေရာသိပ်မရပဲ ဟော်ဖန်ဟင်မ်ဆီ ရောင်းချခံလိုက်ရပါတယ်။

Newcastle United - Joselu completes Alavés move

Photo Credit : Newcastle United

စတုတ်စီးတီး နယူးကာဆယ်တို့နဲ့ပါ ပရီးမီးယားလိဂ်ပြိုင်ပွဲအထိ ကျင်လည်ခဲ့ဖူးတဲ့ ဟိုဆေးလူက ဒီအသင်းတွေရဲ့ flop player တွေအဖြစ်ပါ သတ်မှတ်ခံခဲ့ရပေမယ့် ပရီးမီးယားလိဂ်ကနေ လာလီဂါဆီ ပြန်ရောက်သွားချိန်မှာတော့ ဟိုဆေးလူရဲ့ ဂိုးသွင်းနှုန်းတွေ ပြန်လည် မြင့်တတ်လာခဲ့ပြီး အလာဗက်စ်အသင်းအတွက် (၃)ရာသီအတွင်း လာလီဂါ (၃၆)ဂိုး သွင်းယူခဲ့သလို အက်စပန်ညိုမှာ ပါဝင်ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်လည်း လာလီဂါဂိုး (၁၆)ဂိုး သွင်းယူခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြမှုကြောင့် ဟိုဆေးလူကို စပိန်လက်ရွေးစင်အသင်းက ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခဲ့ပြီး ဟိုဆေးလူကလည်း စပိန်အတွက် (၃)ပွဲမှာ (၃)ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit : Managning Madrid

လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပြသထားနေသူ ဟိုဆေးလူကို တိုက်စစ်ကစားသမား လိုအပ်နေတဲ့ ရီးယဲလ်က ဘန်ဇီမာ နေရာအတွက် တိုက်ရိုက် အစားထိုးဖို့ မဟုတ်ပဲ တိုက်စစ်မှာ ကစားသမား အင်အား တောင့်တင်းနေစေဖို့အတွက် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဟိုဆေးလူကိုယ်တိုင်ကလည်း ကစားသမားဘဝရဲ့ အကောင်းဆုံး အခြေအနေ ရောက်ရှိနေချိန်မှာ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့က အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။