အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ချဲလ်ဆီးအသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၁)နှစ်အရွယ်ရှိ အီတလီ လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ၂၀၁၈ခုနှစ်ကတည်းက နာပိုလီကနေ ချဲလ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ချဲလ်ဆီးအတွက် ပွဲပေါင်း (၂၁၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ယူရိုပါလိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလား အက်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းမှာ ပိုင်ရှင် အပြောင်းအလဲတွေ ဖြစ်လာခဲ့ချိန် ကစားသမားသစ်တွေ တပုံတပင်ကြီး ခေါ်ယူပြီးနောက် ဂျော်ဂျင်ဟိုရဲ့ အနာဂတ် အခြေအနေပါ မရေမရာတော့ပဲ နောက်ဆုံးမှာတော့ အသင်း အပြောင်းအလဲပါ ဖြစ်သွားခဲ့ရပါတယ်။

Image

Photo Credit : Twitter

ဂျော်ဂျင်ဟိုက “ကျွန်တော် ချဲလ်ဆီးအသင်းနဲ့ စကားပြောပြီးတဲ့နောက် သူတို့ရဲ့ အစီအစဉ်ထဲ မပါဝင်တော့ဘူးဆိုတာ ကျွန်တော် သိလာရတယ်။ တစ်ခါတစ်လေကျတော့ အသင်းပရောဂျက်တစ်ခုမှာ မပါဝင်နေတော့ကို လက်ခံရပါမယ်။ အဆုံးသတ်ဖို့ ဖြစ်လာခဲ့ရပါတယ်။ ကျွန်တော်က ကျွန်တော်ရဲ့ ကစားသမားဘဝကို တိုးတတ်ချင်နေပြီး အာဆင်နယ်အသင်းရဲ့ ပရောဂျက်ဟာလည်း ကျွန်တော်နဲ့ လိုက်ဖက်ပါတယ်။ သူတို့အသင်းရဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း ကျွန်တော် နှစ်သက် သဘောကျပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit :

ဂျော်ဂျင်ဟိုဟာ ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်မှာ ချဲလ်ဆီးကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် (၃)ပွဲကို ကစားထားခဲ့ကာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲစဉ်အတွင်း အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ဧရိယာပြင်ပကနေ ကန်သွင်းရင်း ဂိုး ရယူထားနိုင်ခဲ့ပါတယ်။