ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အသင်းရဲ့ အရေးအကြီးဆုံး စူပါစတား ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ပြီး အရန်ကစားသမားစာရင်းမှာသာ ထည့်သွင်းထားခြင်းအပေါ် အံ့အားသင့်မိခဲ့ရတယ်လို့ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီ အသင်းဖော် ဂျာအိုဖီးလစ်က ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : CNN

ပေါ်တူဂီလက်ရွေးစင်အသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(H)မှာ ဥရုဂွေး ဂါနာ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ရတာဖြစ်ပြီး အုပ်စုဗိုလ်နေရာနဲ့ ရှုံးထွက်ကို တတ်လှမ်းခဲ့ရင်း (၁၆)သင်းအဆင့်မှာ ဆွစ်ဇာလန်ကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် ကွာတားမှာတော့ မော်ရိုကို ကို ကပ်ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒီတုန်းက ပေါ်တူဂီ နည်းပြဟောင်းကြီး ဖာနန်ဒို ဆန်းတို့စ်က ရော်နယ်လ်ဒိုကို အသင်းရဲ့ အုပ်စုပွဲစဉ်တွေ (၃)ပွဲလုံး ပွဲထွက်ကစားသမားအဖြစ် တောက်လျှောက် အသုံးပြုခဲ့ပေမယ့် ရှုံးထွက်ပွဲတွေမှာတော့ ရော်နယ်လ်ဒိုက အရန်စာရင်းမှာသာ ပါဝင်လာခဲ့ရပါတော့တယ်။

Photo Credit : Daily Star

တောင်ကိုရီးယားနဲ့ ကစားခဲ့ရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အတွင်း ဆန်းတို့စ်နဲ့ ရော်နယ်လ်ဒိုတို့ကြားမှာ မပြေလည်မှုတွေ ဖြစ်ခဲ့တာကြောင့် ဆွစ်နဲ့ ပွဲစဉ်အတွင်း ဆန်းတို့စ်က ရော်နယ်လ်ဒိုနေရာ ရာမို့စ်ကို အစားထိုး အသုံးပြုလာရာ ရာမို့စ်က ဟက်ထရစ်ပါ သွင်းပြခဲ့လို့ မော်ရိုကိုနဲ့ ကွာတားပွဲကိုပါ ရော်နယ်လ်ဒိုကို ထည့် out ပြီး ရာမို့စ်ကိုသာ နေရာဆက်ပေးခဲ့ရာ ပွဲအပြီးမှာတော့ မော်ရိုကို ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : Manchester Evening News

ဒီ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဖီးလစ်က “ခရစ္စတီယာနိုကို အရန်ခုံမှာ မြင်ရတာက မြင်နေတွေ့နေကျ ကိစ္စမျိုး မဟုတ်တာကြောင့် ကျွန်တော်တို့တွေ အံ့အားသင့်မိခဲ့ရတယ်။ ဒါပေမယ့်လည်း ဒါက နည်းပြရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါကိုလည်း ခရစ္စတီယာနိုဘက်က ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်ခဲ့တယ်။ သူရဲ့ တုံ့ပြန်မှုက ကျွန်တော်တို့အားလုံးအတွက် တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းသားတွေအပေါ် ယုံကြည်မှု ပေးပြီး ကျွန်တော်တို့အားလုံး အမြဲတမ်း အတူတကွ ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိနေအောင် ပြုလုပ်ပေးခဲ့လို့ပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် တကယ့်ကို ကောင်းမွန်ခဲ့သလို သူက နည်းလမ်းတိုင်းအတွက် အကူအညီဖြစ်အောင် ဆက်လက် လုပ်ဆောင်ပေးနိုင်ခဲ့တယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။