ဒိန်းမတ်ထိပ်သီးကလပ် ကိုပင်ဟေဂင်ရဲ့ နည်းပြ ဂျာကော့ဘ် နီးစထရပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် သူတို့ကို အနိုင်ယူသွားတဲ့ မန်ချက်စတာ စီးတီးဟာ ချန်ပီယံလိဂ် ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ဂျာကော့ဘ် နီးစထရပ် ဦးဆောင်နေတဲ့ ကိုပင်ဟေဂင်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အတော်လေး ခြေစွာနေတဲ့ အသင်း ဖြစ်ပြီး သူတို့က အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဂါလာတာစာရေး စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဂါလာတာစာရေးတို့ကို နောက်ကောက်ချကာ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ရှုံးထွက်အဆင့်မှာတော့ ကံဆိုးစွာနဲ့ပဲ ကိုပင်ဟေဂင်က လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ကိုပင်ဟေဂင်ဟာ မန်ချက်စတာ စီးတီးကို နှစ်ကျော့စလုံးမှာ ၃-၁ ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၃-၁ ကိုပင်ဟေဂင် ပွဲအပြီးမှာတော့ ကိုပင်ဟေဂင်နည်းပြ ဂျာကော့ဘ်က သူတို့ကို အနိုင်ယူသွားတဲ့ မန်ချက်စတာ စီးတီးဟာ ချန်ပီယံလိဂ် ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့ ပြောလာပါတယ်။

Photo Credit: MEN

ဂျာကော့ဘ်က – “မန်ချက်စတာ စီးတီးက ဒီရာသီရဲ့ ချန်ပီယံလိဂ် ဆုဖလားကို ထပ်မံ ကိုင်မြှောက်နိုင်ပါလိမ့်မယ်။ သူတို့ကပဲ ချန်ပီယံ ထပ်ဖြစ်မှာပါ။ ကျွန်တော်တို့က အုပ်စုအဆင့်မှာ အသင်းကောင်း သုံးသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ ဒါပေမယ့် စီးတီးကတော့ အဲ့ဒီသုံးသင်းစလုံးထက် တဆင့် ပိုမြင့်တဲ့ အနေအထားမှာ ရှိပါတယ်” လို့ ပြောကာ မန်ချက်စတာ စီးတီးကို ချီးကျူးသွားခဲ့တာပါ။

လက်ရှိမှာလည်း ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်််််််််ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး စီးတီးရဲ့နောက်မှာတော့ အင်တာမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် ၊ ပီအက်စ်ဂျီ ၊ အာဆင်နယ် စတဲ့ အသင်းတွေက ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ဖို့ အစဉ်လိုက်အတိုင်း ရေပန်းစားနေကြပါတယ်။