ချယ်လ်ဆီးအသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်က သူရဲ့ခြေစွမ်းပိုင်းတွေနဲ့ ပတ်သက်ပြီး ဝေဖန် ပြစ်တင် ပြောဆိုနေမှုတွေကို သူ လုံးဝ ဂရုမစိုက်ကြောင်း အဲ့လို ပြောဆိုနေတာကလည်း ဘောလုံးအကြောင်းကို နားမလည်သူတွေသာ ဖြစ်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

အသက် (၂၂)အရွယ် အာဖရိက ကစားသမား ဂျက်ဆင်ဟာ ဒီနွေမှ ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပရီးမီယားလိဂ် ပွဲဦးထွက် ရာသီမှာပဲ လိဂ်သွင်းဂိုး (၇)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : We Ain’t Got No History

ဂျက်ဆင်ဟာ စပါးအသင်းနဲ့ ပွဲစဥ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီး ကျန်တဲ့ (၄)ဂိုးကိုတော့ ပရီးမီယားလိဂ် (၁၆)ပွဲမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပါးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဟက်ထရစ်ကလည်း စပါးဘက်က ရိုမဲရိုး အူဒီဂိုတို့လို နောက်ခံလူတွေ အနီကတ်ပြ ထုတ်ပယ်ခံရပြီး နောက်ထပ် ခံစစ်မှူး ဗန်ဒီဗန် ဒဏ်ရာရသွားချိန်မှ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ပြီး မန်စီးတီးနဲ့ပွဲမှာ (၁)ဂိုးသွင်းခဲ့ပေမယ့်လည်း ကျန်တဲ့ဂိုးတွေကိုတော့ ဘန်လေ ရှက်ဖီး လူတန်တို့လို တန်းတက်အသင်းတွေဘက်ကိုသာ သွင်းယူနိုင်ခဲ့တာမို့ ဂျက်ဆင်ကို ပိုမိုဝေဖန်လာကြပါတယ်။ ဒါပေမယ့် ဂျက်ဆင်က “ကျွန်တော်က ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ရာသီကို ပျော်ပျော်ရွင်ရွင်ပဲ ဖြတ်သန်းနေတယ်။ လူတွေက ကျွန်တော်နဲ့ ပတ်သက်ပြီး အရေးမပါတာတွေ ဝေဖန်နေပေမယ့် ကျွန်တော် အဲ့ဒါတွေကို ဂရုစိုက်မနေပါဘူး။”

Photo Credit : Evening Standard

“ဒီလိုပြောနေကြသူတွေကလည်း ဘောလုံးအကြောင်းကို နားမလည်သူတွေချည်းပါပဲ။ ကျွန်တော်ကတော့ ဒါတွေကို ဂရုစိုက်နေမှာ မဟုတ်ပဲ အသင်းအတွက်ပဲ ပွဲအများကြီး ကစားပေးပြီး ဂိုးအများကြီး သွင်းယူပေးသွားချင်ပါတယ်။ ကျွန်တော်က လွဲချော်မှုတွေ များစွာ ဖြစ်ထားရလို့ ဂိုးတွေ ပိုသွင်းနိုင်သင့်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ပိုမို အသားကျလာအောင်လည်း ကြိုးပမ်းနေပါတယ်။”

“ပရီးမီးယားလိဂ်ကနေ လာလီဂါပြိုင်ပွဲနဲ့ ခြားနားပြီး ခက်ခဲပါတယ်။ လွဲချော်မှုအတွက်လည်း ဆင်ခြင်ပေးလို့ မဖြစ်တော့ အလုပ်ကို ကြိုးစားလုပ်ဆောင်နေရသလို ဘောလုံးအကြောင်း ကောင်းကောင်းနားလည်နေတဲ့ နည်းပြတွေရဲ့ ပြောစကားတွေကို နားထောင်ပြီး ကိုယ်ရဲ့အရည်အသွေးတွေ မြင့်မားလာအောင် ကြိုးစားနေပါတယ်။” ပြောဆိုသွားခဲ့ပါတယ်။