တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ် နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ သေချာပေါက်ကို ပြန်လည် ပူးပေါင်းကြမှာ ဖြစ်သလို ယူနိုက်တက်ဘက်ကလည်း ဂရင်းဝုဒ်ဟာ သူတို့အတွက် အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားနေကြောင်း ယူနိုက်တက်သတင်းတွေကို ဖော်ပြနေသူ The Guardian သတင်းစာရဲ့ သတင်းထောက် ဂျေမီ ဂျက်ဆန်က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Reuters

ဂျက်ဆင်က ယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ Stretford Paddock Podcast မှာ ဂျက်ဆန်က “မေဆင် မန်ချက်စတာ ယူနိုက်တက်ကို ပြန်လာဖို့ နည်းလမ်းရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ယူနိုက်တက်မှာ နောက်တစ်ကြိမ် ထပ်ကစားရဖို့ မမျှော်လင့်ထားပေမယ့် ဒါက ဖြစ်လာမယ်လို့ ကျွန်တော် မပြောပါဘူး။”

“ဒါပေမယ့် သူတို့တွေ(မန်ယူနိုက်တက်အသင်း)က မေဆင်ကို ဘရူနိုထက်တောင် ပိုကောင်းတဲ့ ကစားသမားလို့ ထင်မြင်နေကြတာ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဂျက်ဆန်က ယူနိုက်တက်အသင်းနည်းပြ တန်ဟက်ဂ်အပါအဝင် အသင်းဒါရိုက်တာ မာတော့ချ်တို့ကလည်း ဂရင်းဝုဒ်ကို အသင်းနဲ့ ပြန်လည် ပူးပေါင်းစေဖို့ ဆန္ဒရှိလို့နေကြောင်း ဖော်ပြခဲ့ပါသေးတယ်။

Photo Credit : TEAMtalk

အသက် (၂၂)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ လက်ရှိမှာတော့ လာလီဂါကလပ် ဂီတာဖေးအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက် ကစားနေရပြီး အငှားစာချုပ် ပြည့်ချိန်မှာတော့ မိခင်ကလပ် ယူနိုက်တက်ဆီ ပြန်လာရမှာ ဖြစ်ပါတယ်။

အခုအချိန်က ဂရင်းဝုဒ်အနေနဲ့ ဂီတာဖေးနဲ့တောင် ရာသီဝက်အထိ မဖြတ်သန်းရသေးချိန်ဖြစ်လို့ ဂရင်းဝုဒ်ရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်က ပြောဖို့ စောနေသေးပေမယ့် ယူနိုက်တက်နဲ့ သက်ဆိုင်တဲ့ သတင်းအကြောင်းအရာတွေကို ဦးစားပေး ဖော်ပြတဲ့ သတင်းထောက် ဂျက်ဆန်က လာမယ့်နှစ်မှာပဲ ယူနိုက်တက် နဲ့ ဂရင်းဝုဒ်တို့ ပြန်လည် ပူးပေါင်းနိုင်တယ်လို့ အခိုင်အမာ ဖော်ပြသွားပါတယ်။