ယခု နွေဈေးကွက် အတွင်းမှာပဲ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာလာတဲ့ စပိန် ကွင်းလယ်တိုက်စစ် ကစားသမား အစ္စကိုကတော့ လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားထံ အလွတ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ နာမည်ကြီး သတင်းထောက် မက်တီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် စပိန်ကွင်းလယ်လူ အစ္စကိုက မာလာဂါကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာ များစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပါတယ်။

Photo Credit: Marca

ဒါကြောင့် အစ္စကိုက ယခု နွေဈေးကွက် အတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ အသင်းကနေ ထွက်ခွာကာ ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ နာမည်ကြီးအသင်း အများစုက အစ္စကိုကို ခေါ်ယူဖို့ ကြိုးပမ်းလာကြပါတယ်။

ဒါပေမယ့် အစ္စကိုကတော့ သူ့ရဲ့ မွေးရပ်မြေ စပိန်နိုင်ငံမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့တဲ့ ဆီဗီးလားရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ကြောင်း နာမည်ကြီး သတင်းထောက် မက်တီယိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Marca

မက်တီယိုရဲ့ ဖော်ပြချက်အရ အစ္စကိုက ဆီဗီးလားထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ပြီး မကြာခင်မှာပဲ ဆီဗီးလားနဲ့ ဆေးစစ်ဖို့ စီစဉ်ထားကာ ဆီဗီးလားက အစ္စကိုကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုနိုင်ကြောင်း သိရပါတယ်။