အင်တာမီလန်အသင်းက ဒီနွေမှာ သူတို့ရဲ့ ပင်တိုင် ဂိုးသမား အန်ဒရေအိုနာနာကို မန်ချက်စတာယူနိုက်တက်အသင်းဆီ လက်လွတ်ရဖို့ အလွန် နီးစပ်လာခဲ့တဲ့အတွက် အိုနာနာ နေရာမှာ အစားထိုးဖို့ ဂိုးသမားတွေကို ရှာဖွေနေရာ တော့တင်ဟမ်ဟော့စပါးရဲ့ ဝါရင့် ဂိုးသမားကြီး ဟိုဂိုလိုရစ်ကိုပါ မျက်စိကျလာခဲ့ပါတယ်။

Onana learning from 'giant' Handanovic and inspired by 'the greatest' Neuer

Photo Credit : Keepup

အေဂျက်စ်အသင်းကနေ free transfer နဲ့ ခေါ်ယူထားတဲ့ ကင်မရွန်း ဂိုးသမား အိုနာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အင်တာမီလန်မှာ အတော်လေးကို လက်စွမ်းပြသခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ်ဖိုင်နယ်အထိ ထမ်းတင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိုနာနာက သူရဲ့ဆရာဟောင်း တန်ဟက်ဂ်နဲ့အတူ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ လက်ခံထားသလို နောက်ထပ် ဂိုးသမား ဟန်ဒါနိုဗစ်ကလည်း ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီ ဖြစ်တာကြောင့် အင်တာအနေနဲ့ ဂိုးသမား (၂)ဦးခန့်လောက် ပြန်လည် ဖြည့်တင်းရဖွယ် ရှိနေပါတယ်။

Photo Credit : Fabrizio Romano

လက်ရှိမှာတော့ အင်တာဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဆွစ်ဇာလန် ဝါရင့် ဂိုးသမားကြီး ယန်းဆွန်းမား ၊ ပီအက်စ်ဂျီ ဂိုးသမားကြီး ကေလာနာဗက်စ်နဲ့ ရှက်တာဒိုးနက်က ယူကရိန်း ဂိုးသမား ထရာဘန်တို့ကို ချိန်ရွယ်လျက် ရှိနေသလို အခုလည်း စပါးရဲ့ သက်တော်ရှည် ဂိုးသမားကြီး လိုရစ်ကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက် (၃၆)နှစ်အရွယ်ရှိ ပြင်သစ် ဂိုးသမားကြီး လိုရစ်က ၂၀၁၂ခုနှစ်ကတည်းက လိုင်ယွန်ကနေ စပါးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်လို့ စပါးမှာ ဆယ်စုနှစ်တစ်ခုအထိ ပါဝင်ကစားခဲ့တဲ့ ဝါရင့် ဂိုးသမားတစ်ဦး ဖြစ်ပေမယ့် လက်ရှိမှာ သူရဲ့ အနာဂတ်ကတော့ မရေရာ ဝိုးတဝါး ဖြစ်နေပါတယ်။

Photo Credit : Transfermarket

စပါးနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တဲ့ လိုရစ်က သူရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်လာမှုတွေ နဲ့ ကြံခိုင်မှု ကျဆင်းလာမှုတွေကြောင့် အသင်းကနေ ရောင်းချခံရဖွယ် ရှိနေပြီး ဒီအခြေအနေကိုလည်း အင်တာဘက်က စောင့်ကြည့်လျက် ရှိနေတယ်လို့ ပြင်သစ် သတင်းမီဒီယာ Lequipe ကနေ ဖော်ပြလာခဲ့ပါတယ်။