အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို လက်လွတ်သွားရတော့မယ့် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အန်ဒရေအိုနာနာရဲ့ နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် ဘိုင်ယန်မြူးနစ်ရဲ့ ဆွစ် ဂိုးသမား ယန်းဆွန်းမားကို အလိုရှိလာခဲ့ပါတယ်။

Photo Credit : TEAMtalk

လက်ရှိမှာတော့ အိုနာနာဟာ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သဘောတူညီထားခဲ့ပြီ ဖြစ်ပေမယ့်လည်း အသင်းနှစ်သင်းကြား အိုနာနာရဲ့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေး ညှိနှိုင်းနေရဆဲသာဖြစ်ပြီး ယူနိုက်တက်ရဲ့ ယူရို သန်း (၅၀)တန် package နဲ့ ဒုတိယအကြိမ်အဖြစ် ကမ်းလှမ်းထားမှုကိုလည်း အင်တာက ထပ်မံ ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဘက်က ပြောင်းရွှေ့း ယူရို သန်း (၅၀) + အပိုဆုကြေး ယူရို (၅)သန်း နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် သဘောတူညီမှု ရနိုင်ဖွယ် ရှိနေတယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit : beIN SPORT

ဒါကြောင့် အင်တာအနေနဲ့ အိုနာနာကို လက်လွတ်လိုက်ရဖို့က တဖြည်းဖြည်း နီးစပ်လာခဲ့ပြီဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း သူ့နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ ပြန်လည် လက်တွဲလိုတာကြောင့် ယူနိုက်တက် ကမ်းလှမ်းမှုကို ခေါင်းညိတ်ထားခဲ့ပါတယ်။ ဒါကြောင့် အင်တာက ဂိုးသမား ရှာပုံတော်ဖွင့်ဖို့ လိုအပ်လာခဲ့ပြီး လက်ရှိမှာတော့ ဘိုင်ယန် နဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေတဲ့ ဆွစ်ဇာလန် ဝါရင့် ဂိုးသမားကြီး ဆွန်းမားကို ဆွေးနွေးလျက် ရှိနေပါတယ်။

Photo Credit : Bayern Strike

မိုချန်ဂလာဘတ် ဂိုးသမားဟောင်း ဆွန်းမားဟာ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ကမှ ဘိုင်ယန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် လက်ရှိ ဘိုင်ယန်မှာက ပင်တိုင် ဂိုးသမားကြီး နော်ယာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သလို ဗလင်စီယာအသင်းရဲ့ ဂျော်ဂျီယာ ဂိုးသမားကိုပါ ခေါ်ယူဖို့ ကြိုးပမ်းနေမှုကြောင့် ဆွန်းမား အနာဂတ်က ဝေဝါးလာရကာ ဘိုင်ယန်နဲ့ လမ်းခွဲဖွယ်လည်း ရှိနေပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ ပစ်မှတ်ဟောင်း ဆွန်းမားကို အင်တာက အိုနာနာနေရာမှာ တိုက်ရိုက် အစားထိုးသွားဖို့လည်း ရှိနေပါတယ်။