အင်တာမီလန်အသင်းရဲ့ ဘယ်လ်ဂျီယံ နာမည်ကျော် တိုက်စစ်ကစားသမား လူကာကူဟာ သူ့ကို ဆော်ဒီ ထိပ်တန်း ကလပ်အသင်း အယ်လ်ဟီလယ်က တစ်နှစ်လုပ်ခ အမေရိကန် ဒေါ်လာ သန်း(၂၀)လောက်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့်လည်း လူကာကူအနေနဲ့ကတော့ ဥရောပမှာသာ သူ့ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းသွားချင်နေပါတယ်။

Photo Credit : We Ain’t Got No Histroy

မကြာသေးခင်ကမှ ဆော်ဒီကို ရောက်ရှိနေတဲ့ လူကာကူကို ဆော်ဒီ အမှတ်ပေးလိဂ် ချန်ပီယံဟောင်း အယ်လ်ဟီလယ်က အသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပြီး ဆွေးနွေးမှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ ဖာဘရီဇီယိုရိုမာနိုက သတင်းဖော်ပြထားခဲ့ပါသေးတယ်။ လူကာကူဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့အသင်းဟောင်း အင်တာမီလန်မှာ တစ်ရာသီ အငှားနဲ့ ပါဝင်နေတာ ဖြစ်သလို အင်တာကလည်း လူကာကူကို နောက်ထပ် တစ်ရာသီခန့် ထပ်မံ အငှားနဲ့ ခေါ်ယူသွားချင်နေပါတယ်။

Chelsea's Romelu Lukaku in Saudi Arabia to discuss Al Hilal move - Get  French Football News

Photo Credit : Get French Football News

လူကာကူကိုယ်တိုင်ကတော့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ဆန္ဒမရှိပဲ ဥရောပ ဘောလုံးနယ်ပယ်မှာသာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့ကိုပဲ ဆန္ဒရှိနေပါတယ်။ လူကာကူက သူ့ကို အယ်လ်ဟီလယ်က ကြိုးပမ်းမှုအပေါ် အသိအမှတ်ပြုပေမယ့် သူက လက်ရှိမှာ ဆော်ဒီလို နေရာမျိုးကို သွားရောက် ကစားဖို့ မလိုအပ်သေးတာကြောင့် ဥရောပမှာပဲ ဘောလုံးဆက်ကစားသွားဖို့သာ ဆုံးဖြတ်ထားပါတယ်။

Football rumors: Romelu Lukaku turns down massive contract offer from  Al-Hilal

Photo Credit : Clutch Points

လူကာကူကတော့ ချယ်လ်ဆီးနဲ့ လက်တွဲဖြုတ်ပြီး အင်တာမီလန်အသင်းဆီကိုသာ အပြီးသတ် ဒါမှမဟုတ် နောက်ထပ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ချင်နေကာ အင်တာကတော့ လူကာကူကို ထပ်မံ အငှားနဲ့ ခေါ်ယူချင်နေပါတယ်။ လက်ရှိမှာတော့ အင်တာ နဲ့ ချယ်လ်ဆီးတို့ကြား လူကာကူရဲ့ အပြောင်းအရွှေ့အတွက် ဆက်လက် ဆွေးနွေးနေဆဲဖြစ်ပြီး ချယ်လ်ဆီးဘက်ကတော့ သူတို့ကစားသမားကို အပြီးသတ် ရောင်းချလိုတာကြောင့် အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံသွားချင်နေပါတယ်။