ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ free agent player ဖြစ်သွားရတဲ့ စပိန် ဝါရင့် နောက်ခံ ကစားသမားကြီး ဆာဂျီယိုရာမို့စ်ကို ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီ အပါအဝင် ဆော်ဒီ ကလပ်အသင်း (၂)သင်းကပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Sergio Ramos makes admission about Real Madrid exit

Photo Credit : The Real Champs

ရီးယဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့သူ ရာမို့စ်ဟာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ (၂)ရာသီလောက် ဖြတ်သန်းခဲ့တဲ့ ရာမို့စ်ဟာ အခုတော့လည်း ပီအက်စ်ဂျီနဲ့ပါ စာချုပ် ကုန်ဆုံးသွားလို့ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပြီး ဒီလို အတွေ့အကြုံကောင်းတွေ အများအပြား ပိုင်ဆိုင်ထားတဲ့ အသက် (၃၇)နှစ်အရွယ် ကစားသမားကြီးကို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနဲ့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။

Sergio Ramos will follow Lionel Messi out of PSG this summer as club  confirm exit of former Real Madrid man after two disappointing seasons |  Goal.com US

Photo Credit : Goal

ပီအက်စ်ဂျီ နဲ့ သက်တမ်း ကုန်ဆုံးပြီးချိန်မှာ ရာမို့စ်က သူရဲ့ ပထမဆုံးသော စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရာ ဆီဗီလာအသင်းဆီ ပြန်လည် ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း လတ်တလောမှာတော့ ရာမို့စ်ကို မိုင်ယာမီအသင်း ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို ဆော်ဒီကလပ်တွေကလည်း ရာမို့စ် အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှာ ရာမို့စ်အနေနဲ့ သူရဲ့ boyhood club ဆီဗီလာကို ပြန်မလား လုပ်ခလစာ အမြောက်အများနဲ့ အပြိုင်ကမ်းလှမ်းကြမယ့် မိုင်ယာမီ နဲ့ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုများထဲကမှ ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ ရာမို့စ် နဲ့ သူ့မိသားစုဝင်တွေ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေပါတော့တယ်။