လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ်က လီဗာပူးလ်နဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ကစားပုံမျိုးနဲ့သာဆိုရင် ဘာဆုဖလားမှ ရရှိနိုင်မှာ မဟုတ်ဘူးလို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လတ်တလော အိမ်ကွင်း အန်ဖီးလ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ် (၂)ပွဲဆက်တိုက် ရှုံးပွဲတွေ ဆက်တိုက် တွေ့ကြုံထားရပြီး အဲ့ဒီ (၂)ပွဲလုံးမှာလည်း လီဗာပူးလ်တိုက်စစ်ပိုင်းက သွင်းဂိုးတစ်ဂိုးမှ မရခဲ့တဲ့အထိ အခြေအနေ ဆိုးရွှားခဲ့ပါတယ်။

Photo Credit : Sporting Life

တကယ်ဆိုရင် လီဗာပူးလ်အနေနဲ့ ခုနောက်ဆုံး ကစားသွားခဲ့တဲ့ ယူနိုက်တက် အတ္တလန်တာ ပဲလေ့စ်တို့ ပွဲစဉ် (၃)ပွဲအတွင်း ဂိုးပေါက်ကန်သွင်းမှုက စုစုပေါင်း (၆၇)ကြိမ်အထိ ရှိခဲ့ရပေမယ့် ယူနိုက်တက်နဲ့ပွဲမှာသာ ဂိုး(၂)ဂိုး ရရှိခဲ့ရင်း အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲ(၂)ပွဲမှာတော့ ဂိုးတောင်မရခဲ့ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။

တကယ်တော့ လီဗာပူးလ်က ယူနိုက်တက်ကို အက်ဖ်အေဖလား ကွာတားမှာ ရှုံးနိမ့်ပြီးနောက်ပိုင်း အသင်းစိတ်ဓါတ်ပိုင်းက တဖြည်းဖြည်း ကျဆင်းလာခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ကို သရေကျလိုက်ချိန်မှာတော့ ကစားသမားတွေရဲ့ mental ပိုင်းက ပိုဆိုးသွားခဲ့ရပါတယ်။

Photo Credit : Liverpool FC

ခုလည်း အတ္တလန်တာနဲ့ ရှုံးပွဲကနေ ပြန်လည် ရုန်းထွက်ပြရမယ့် အခြေအနေမှာ ပဲလေ့စ်အသင်းကိုပါ ထပ်ပြီး ရှုံးလိုက်ရတာက title မျှော်လင့်ချက်တွေ တဖြည်းဖြည်း အရောင်မှိန်သွားခဲ့ရပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး နည်းပြ ကလော့ပ်က “အဖြေက တော်တော်လွယ်ကူပါတယ်။ ပထမပိုင်း ပုံစံမျိုးအတိုင်းသာ ကစားသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ အမှတ်ပေးဖလားကို ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး။”

“ဒုတိယပိုင်းလိုသာ ကစားမယ်ဆိုရင်တော့ ကျွန်တော်တို့ ပွဲတွေကို အနိုင်ယူနိုင်ပါမယ်။ လက်ကျန်ပွဲတွေကို ဒုတိယပိုင်း ပုံစံအတိုင်း ကစားသွားရင်း အဆုံးသတ်မှာတော့ ကျွန်တော်တို့ ဘယ်နေရာမှာ ရပ်တည်နေမလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။