အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်းကြီး အီယန်ရိုက်က အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက်ဆိုရင် ဆက်ကစားရဦးမယ့် ပွဲတိုင်းကို အနိုင်ရရှိအောင် ကစားဖို့နဲ့ အမှတ် အဆုံးရှုံးမခံဖို့ လိုအပ်တယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

The former Arsenal forward, 59, said Mikel Arteta's side must 'find a way to win' and that they will have little margin for error

Photo Credit : Daily Mail

လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အာဆင်နယ်အသင်းက (၆၃)မှတ်နဲ့ ဇယားထိပ်ကနေ ဦးဆောင်လျက် ရှိနေပြီး လက်ရှိ ချန်ပီယံဖြစ်တဲ့ မန်စီးတီးက အာဆင်နယ်နဲ့ (၅)မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်လို့နေပါတယ်။ ဘောလုံးရာသီ ပြီးဆုံးဖို့က လက်ကျန် ပွဲပေါင်း (၁၂)ပွဲအထိ ကျန်ရှိနေသေးတာဖြစ်လို့ အာဆင်နယ်အနေနဲ့ ဒီရပ်တည်မှုအတိုင်း အဆုံးသတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့ဆိုရင် ရမှတ် တိမ်းစောင်းတာမျိုးတွေ ဖြစ်ပေါ်လို့ မရဘူးလို့ ကစားသမားဟောင်းကြီး အီယန်ရိုက်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

Ian Wright has warned Arsenal that he does not expect Manchester City to lose another game this season

Photo Credit : Daily Mail

“အာတီတာအသင်းကတော့ အနိုင်ရဖို့ နည်းလမ်းရှာရပါမယ်။ အဲ့လိုမှသာ အခုအချိန်ကနေ ရာသီပိတ်ချိန်အထိ အမှားအယွင်းတွေအတွက် အနည်းငယ်မျှပဲ ခံရပါလိမ့်မယ်။ အနိုင်ရဖို့ နည်းလမ်းကို ရှာနေတာမျိုးက အာဆင်နယ်အသင်း ဒီရာသီမှာ ဒါကို အကြိမ်အနည်းငယ် လုပ်ဆောင်ဖူးပါတယ်။ ကျွန်တော်သာ အခု အာဆင်နယ်ရဲ့ အဝတ်လဲခန်းအတွင်း ပါဝင်နေရမယ်ဆိုရင် မန်စီးတီးအသင်းရဲ့ နောက်ထပ် ပွဲတွေကို ရှုံးပွဲတွေ့ဖို့ မျှော်နေမှာ မဟုတ်ဘူး။ လုပ်စရာရှိတာကိုပဲ လုပ်ဆောင်နေရမှာပါ။ ကောင်းတဲ့ ကံကြမာတချို့လည်း ရနိုင်တယ်။ ဆိုးရွှားတဲ့ ကံကြမာကိုလည်း ရနိုင်တယ်။ ဒါပေမဲ့ ဘာတွေပဲဖြစ်လာဖြစ်လာ မင်းရပ်တန့်လို့ မရဘူး။ အဆုံးအထိ တိုက်ပွဲဝင်နေရပါမယ်” လို့ အီယန်ရိုက်က သတိပေးသွားခဲ့ပါတယ်။

The Gunners sit five points clear at the top of the table having come from behind to seal a last-gasp 3-2 win over Bournemouth on Saturday

Photo Credit : Daily Mail

အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဒီရာသီအတွင်း အက်အေဖလားပြိုင်ပွဲမှာ အရင်ဆုံး တွေ့ဆုံဖြစ်ခဲ့ပြီး မန်စီးတီးက (1-0)နဲ့ အနိုင်ယူ ဖြတ်ကျော်ခဲ့သလို အာဆင်နယ်ရဲ့ Emirates မှာ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဧည့်သည် မန်စီးတီးကပဲ (1-3) နဲ့ အနိုင်ယူခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်ကျန်(၁၂)ပွဲမှာ လီဗာပူးလ် ချဲလ်ဆီးတို့နဲ့ ဆုံရမယ့် ပွဲစဉ်တွေအပြင် မန်စီးတီးနဲ့ Etihad မှာ ပြန်လည် ရင်ဆိုင်ရမယ့် ပွဲတွေ ရှိနေပြီး မန်စီးတီးကလည်း အာဆင်နယ်လိုပဲ လီဗာပူးလ် ချဲလ်ဆီးတို့နဲ့ ကစားရမှာ ဖြစ်တဲ့အပြင် အာဆင်နယ်ကိုလည်း Etihad မှာ ဧည့်ခံသွားရဦးမှာ ဖြစ်ပါတယ်။