စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲမှာ အသားအရောင် ခွဲခြားမှုတွေ လူမျိုးရေး ခွဲခြားမှုတွေ ရှိနေရပြီး အဓိကအဖြစ် ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဂျူနီယာကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ကြလေ့ ရှိပါတယ်။

အသက် (၂၃)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ လာလီဂါပြိုင်ပွဲမှာ ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြား စော်ကားမှုတွေနဲ့ အမြဲရင်ဆိုင်ရလေ့ရှိပြီး ဒါကိုလည်း ဗင်နီစီယပ်စ်ဘက်ကနေ ပြန်လည် တုံ့ပြန်တက်ပါသေးတယ်။

 

Photo Credit : Sky Sports

ဒီလို ကြုံတွေ့နေမှုတွေကြောင့် ဗင်နီစီယပ်စ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်အပေါ် အတော်လေးကို စိတ်ပျက်လို့နေပြီး ဘောလုံးပရိသတ်တွေရဲ့ လူမှုရေးခွဲခြားမှုတွေကို သေချာ မကိုင်တွယ်နိုင်တဲ့ စပိန်မြေမှာ ဆက်မနေချင်တော့ပဲ စပိန်ထိပ်သီးကလပ် ရီးယဲလ်ကနေပါ စွန့်ခွာချင်လာခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

ဒါပေမယ့် ဗင်နီစီယပ်စ်ကတော့ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လူမှုရေးခွဲခြားခံခဲ့ရမှုတွေနဲ့ စပ်လျဉ်းတဲ့ မေးခွန်းတွေအပေါ် “ကျွန်တော် အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် ဘောလုံးကစားချင်ရုံလေးပါ။ ကျွန်တော်ရဲ့မိသားစုနဲ့ ကလပ်အသင်းအတွက် အရာအားလုံး လုပ်ပေးချင်တာ။ လူမည်းတွေကို ဆင်းရဲဒုက္ခ ဖြစ်နေတယ်လို့ ဘယ်တော့မှ မမြင်ပါနဲ့။”

Photo Credit : Fabrizio Romano

“နောက်ပြီး ကျွန်တော် စပိန်ကနေ ထွက်ခွာဖို့ကိုလည်း ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက လူမျိုးရေးခွဲခြားနေတဲ့ ဖြစ်စေချင်တဲ့ အရာမို့ပါ။ ဒီလိုသာ လုပ်ပေးလိုက်ရင် သူတို့က ပိုပြီး ဝမ်းသာသွားလိမ့်မယ်။ ကျွန်တော် အဲ့ဒီလို မလုပ်ပေးနိုင်ဘူး။”

“ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်း(ရီးယဲလ်မက်ဒရစ်)ကိုလည်း ကျွန်တော် စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ကလပ်အသင်းနဲ့ အသင်းဥက္ကဌတို့က အသေအချာလေး ထောက်ပံ့ အားပေးနေကြတဲ့အတွက် ကျွန်တော်လည်း ဆက်လက်ပြီး ကြံခိုင်နေမှာပါ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။