ဘရာဇီးလ် တိုက်စစ်ကစားသမားကြီးဖြစ်တဲ့ လူသန်ကြီး ဟော့ခ်ကတော့ လက်ရှိမှာ မေဂျာလိဂ် ထိပ်သီးကလပ် အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ အသေအချာ လုပ်ဆောင်လျက် ရှိနေပြီဖြစ်ပြီး အပြောင်းအရွှ့က ဖြစ်ပေါ်လာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

အသက်(၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူး ဟော့ခ်ဟာ ပေါ်တို ဇင်းနစ်အသင်းတွေနဲ့အတူ ဥရောပ ဘောလုံးနယ်ပယ်မှာ နှစ်အတန်ကြာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ မွေးရပ်မြေ ဘရာဇီးလ်က ကလပ်အသင်းဖြစ်တဲ့ အသက်လက်တီကို မင်နဲရိုးလ်အသင်းမှာ ပါဝင်ကစားလို့နေပါတယ်။

Photo Credit : Youtube

ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး အားပါပြင်းထန်လွန်းလှတဲ့ ဂိုးကန်ချက်တွေကြောင့် နာမည်ကျော်တဲ့ ဟော့ခ်ဟာ ပေါ်တိုနဲ့အတူ ယူရိုပါလိဂ်ဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပြီး ဂျေလိဂ်ကလပ်များနဲ့ တရုတ်စူပါလိဂ် ကလပ်အသင်းတွေမှာပါ ပါဝင်ကစားခဲ့ဖူးပါသေးတယ်။ ဟော့ခ် ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက်လည်း (၄၉)ပွဲအထိ ကစားဖြစ်ခဲ့ပါတယ်။

ဟော့ခ်ဟာ ၂၀၂၁ခုနှစ်ကတည်းက တရုတ်ကလပ် ရှန်ဟိုင်းSIPGကနေ ထွက်ခွာပြီး အသက်လက်တီကို မင်နဲရိုးလ်ဆီ ပြောင်းရွှေ့လာခဲ့ကာ အသက်အရွယ်အရ အကျပိုင်းဘက် ရောက်နေပေမယ့်လည်း ဟော့ခ်ကတော့ မင်နဲရိုးလ်အသင်းအတွက် တစ်ရာသီအတွင်း အနည်းဆုံး ဂိုး(၂၀)ခန့်လောက် သွင်းယူထားနိုင်ပါတယ်။

Photo Credit : Goal

ဒီလို ကလပ်အသင်းများစွာ နေရာများစွာမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဟော့ခ်က အခုတော့ ကစားသမားဘဝအတွင်းမှာ မရောက်ဖူးသေးတဲ့ မေဂျာလိဂ်ပြိုင်ပွဲဆီမှာ ကစားဖို့ အစီအစဉ် ရှိနေပြီး GOAT ကြီး မက်ဆီရဲ့ ကလပ်အသင်း အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

အင်တာ မိုင်ယာမီကလည်း အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်သူ လူးဝစ် ဆွာရက်ဇ်ကို စာချုပ်သက်တမ်း တိုးမြှင့်ထားသည့်တိုင် အထောင်တိုက်စစ်နေရာမှာ အပြိုင်အဆိုင် ဖြစ်နေစေဖို့အတွက် ဟော့ခ်ကို ခေါ်ယူသွားချင်နေပြီး သူတို့ ခေါ်ယူချင်နေတဲ့ မက်ဆီ အသင်းဖော်ဟောင်း နေမာက ဆန်းတို့စ်ဆီ ပြန်သွားဖို့ နီးစပ်နေတဲ့အတွက် ဟော့ခ်ကိုသာ ပိုမို အာရုံစိုက်လာခဲ့ပါတယ်။

https://www.youtube.com/watch?v=7E8FNJJ2qJY