ဒီနှစ် ဇွန်လ (၂၀)ရက်နေ့မှ စတင် မိတ်ဆက်ခဲ့တဲ့ Hero of Kings The Ultimate 5v5 Hero Battle Game ဂိမ်းဟာ အခုဆိုရင်တော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါင်းလုပ်ရယူမှုပေါင်း သန်း (၅၀)ကျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလို အောင်မြင်မှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဂိမ်းဆော့ကစားသူတွေ ဂိမ်းထဲကို ဝင်လိုက်တာနဲ့ ဆုလက်ဆောင်တွေ ရရှိနိုင်မှာ ဖြစ်သလို ဒီကနေ့ ဇူလိုင် (၂၅)ရက်နေ့မှာ ထွက်ရှိမယ့် in-game patch မှာ မြန်မာနိုင်ငံက ဂိမ်းကစားသူတွေအတွက် မြန်မာဘာသာစကားနဲ့ ရွေးချယ် ဆော့ကစားနိုင်အောင်ပါ လုပ်ဆောင်ပေးထားပါသေးတယ်။

အခုလည်း ဂိမ်းတွင်းအစီအစဉ်များစွာနဲ့ heroes အသစ်များစွာကိုလည်း Hero of Kings ကနေ တဖြည်းဖြည်းချင်းနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Hero of Kings ရဲ့ Esports ဘက်မှာလည်း အမေရိကန် ဒေါ်လာ (၃)သန်းအထိ ချီးမြှင့်ပေးသွားမယ့် Honor of Kings Invitational Midseason x Esports World Cup ပြိုင်ပွဲလည်း ရှိနေပြီး ဒီပြိုင်ပွဲကို မြန်မာကိုယ်စားပြု IMPUNITY Myanmar အသင်းက ဝင်ရောက် ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဝင်ခွင့်အဆင့်မှီဖို့အတွက် မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ HOK Invitational Season 2 ပွဲကြီးမှာ အသင်းပေါင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ AhXing, Black, XHero, XiaoLin နဲ့ Megumi တို့နဲ့ ဖွဲ့စည်းထားတဲ့ IMPUNITY အသင်းက အကောင်းဆုံး ယှဉ်ပြိုင် ဆော့ကစားနိုင်ခဲ့ပါတယ်။

လာမယ့် သြဂုတ် (၁)ရက်နေ့က စတင်ပြီး ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမယ့် Honor of Kings Invitational Midseason x Esports World Cup ပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၂)သင်း ဝင်ရောက် ဆင်နွဲသွားကြမှာဖြစ်ပြီး IMPUNITY Myanmar အသင်းက အင်ဒိုနီးရှားကိုယ်စားပြု Kagendra နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်သလို ဒီပွဲကို သြဂုတ် (၁)ရက်နေ့ ညနေ (၅)နာရီခွဲအချိန် https://www.facebook.com/HonorofKingsMyanmar မှာ ဝင်ရောက် ကြည့်ရှုအားပေးသွားနိုင်ပါတယ်။

Esports World Cup မှာ သွားရောက်ယှဥ်ပြိုင်ဖို့နဲ့ အခြားနိုင်ငံတကာက ကျွမ်းကျင်ကစားသမားတွေကို ရင်ဘောင်တန်း ဆော့ကစားရတော့မှာ ဖြစ်တဲ့အတွက် IMPUNITY အသင်းရဲ့ စိတ်လှုပ်ရှားနေတဲ့အကြောင်းကို “မြန်မာနိုင်ငံမှာလည်း ဒီလို တကယ်တော်တဲ့ ကစားသမားတွေရှိတယ်ဆိုတာကို သက်သေပြလို့ရမယ့် အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်သွားပါမယ်” လို့ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့ကို မထွက်ခွာမီ ပြုလုပ်ခဲ့တဲ့ မီဒီယာအင်တာဗျုးမှာ IMPUNITY အသင်းက ပြောကြားခဲ့ပါသေးတယ်။

HOK Invitational Midseason ပွဲစဉ်တွေကို YouTube, Facebook, နဲ့ TikTok တို့ကနေ လက်မလွှတ်တမ်း စောင့်ကြည့်နိုင်ပြီး Honor of Kings ဂိမ်းကို ဆော့ကစားနိုင်ဖို့ App Store နဲ့ Play Store တို့ကနေ အခုပဲ ​ဒေါင်းလုပ်ရယူနိုင်ပါတယ်။

HOK MM FB: https://www.facebook.com/HonorofKingsMyanmar
HOK MM TikTok: https://www.tiktok.com/@hokmmofficial
Instagram:@hok_global_esports
Facebook: @hokglobalesports
Twitter: @HoKEsports
YouTube: @hokglobalesports2022
Twitch: @hok_global_esports
Level Infinite YouTube: https://www.youtube.com/@lvlinfinite

TiMi Studio Group ကနေ ဖန်တီးထားတဲ့Honor of Kings ဂိမ်းဟာ အသင်းအဖွဲ့လိုက် ထိပ်တိုက်ယှဉ်ပြိုင်ကစားရတဲ့ စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်သော ဂိမ်းတစ်ခုဖြစ်လို့ နေ့စဉ်ပုံမှန်ဆော့ကစားသူ သန်း (၁၀၀) ကျော်နဲ့ တရားဝင်စာရင်းသွင်းပြီး ကစားသူပေါင်း သန်း (၂၀၀) ကျော်ထိ ရှိနေပြီး ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး MOBA ဂိမ်းတစ်ခုပါ ဖြစ်လာခဲ့ပါတယ်။ Honor of Kings ဂိမ်းဟာ ဆော့ကစားသူများအတွက် ထူးခြားဆန်းပြားပြီး အရောင်အသွေးစုံလင်တဲ့ နေရာတစ်ခု ဖြစ်စေနိုင်ဖို့အတွက် အသေးစိတ်ဖန်တီးထားပြီး မတူကွဲပြားသော ဂိမ်းဇာတ်ကောင်များ၊ စစ်မြေပြင်ပုံစံများအပြင် နာမည်ကြီး တေးရေးဆရာများ ဖြစ်တဲ့ Hans Zimmer, Joe Hisaishi နှင့် Howard Shore တို့ တီးခတ်ထားသော ဂီတသံစဉ်များနဲ့ပါ ဖန်တီးထားပါသေးတယ်။

HOK ဂိမ်းက ဂိမ်းတွင်း ငွေကြေးသုံးစွဲမှုများကြောင့် မဟုတ်ပဲ ဂိမ်းကစားသူများရဲ့ ကျွမ်းကျင်မှု နည်းဗျူဟာများကြောင့်သာ အောင်မြင်မှုကို သတ်မှတ်နိုင်တာဖြစ်လို့ ဂိမ်းကစားသူတွေအနေနဲ့ လွတ်လပ်စွာ ကစားနိုင်ပြီး သမာသမတ်ကျကျ အနိုင်ယူနိုင်တဲ့ ဂိမ်းတစ်ခုအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေပါတယ်။ Honor of Kings ဂိမ်းဟာ အခြေခံအဆင့် စတင်ကစားသူများမှ ထိပ်တန်း စွမ်းဆောင်ရည်မြင့် ကစားသမားများအထိ ထိပ်တိုက်ယှဉ်ပြိုင်ကစားနိုင်ဖို့ ဖန်တီးပေးထားတဲ့ ဂိမ်းတစ်ခု ဖြစ်သလို esports ဂေဟစနစ်ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Honor of Kings အကြောင်း ပိုမို လေ့လာနိုင်ဖို့အတွက် Twitter, Facebook, Youtube, Instagram တို့တွင် follow လုပ်နိုင်သလို Honor of Kings ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာလည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။

Level Infinite ဆိုတာက Tencent ရဲ့ နိုင်ငံတကာ ဂိမ်းအမှတ်တံဆိပ်အခုဖြစ်ပြီး ကမ္ဘာအနှံ့ရှိ ဂိမ်းကစားသူများအတွက် အချိန်မရွေး ဘယ်သူနဲ့မဆို ကစားနိုင်မှာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းစရာဖြစ်အောင် သဘာဝကျတဲ့ ဂိမ်းဆော့မှု အတွေ့အကြုံကို ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဂိမ်းများကို စတင်ဖန်တီးနိုင်ဖို့ Level Infinite ဟာ ကမ္ဘာအနှံ့အပြားကdevelopers များနဲ့ မိတ်ဖက်စတူဒီယိုများ ပူးပေါင်းပါဝင်တဲ့ ကွန်ရက်များကို အမျိုးမျိုး မတူညီသော ဝန်ဆောင်မှုများကို အရင်းအမြစ်များစွာနဲ့ ထောက်ပံ့ပေးလျက်လည်း ရှိပါတယ်။ Level Infinite ဟာ PUBG MOBILE, Honor of Kings နဲ့ Goddess of Victory: NIKKE တို့လို နာမည်ကြီးဂိမ်းများရဲ့ ထုတ်လုပ်သူဖြစ်တဲ့အပြင် Dune: Awakening from Funcom, Path of Exile 2 from Grinding Gear Games နဲ့ တခြားဂိမ်းများအတွက်လည်း ပူးပေါင်းမိတ်ဖက်ပါတနာ ဖန်တီးသူလည်း ဖြစ်ပါတယ်။ Level Infinite အကြောင်းကို ပိုမိုလေ့လာလိုပါက www.levelinfinite.com မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။