နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်ဟာ သူရဲ့ပေါင်ဒဏ်ရာကို ခွဲစိတ်ကုသ ခံယူသွားဖို့ အခြေအနေ ရှိနေပြီး တကယ်လို့ ခွဲစိတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဟန်ဒါဆန်ဟာ သြဂုတ်လလောက်အထိပါ အနားယူသွားရနိုင်တယ်လို့ သိရပါတယ်။

The on-loan goalkeeper tore a muscle in his right thigh in a game against Leicester City

Photo Credit : Daily Mail

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ နော်တင်ဟမ်အသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့တဲ့ အင်္ဂလန် ဂိုးသမား ဟန်ဒါဆန်က ဇန်နဝါရီလလယ်ပိုင်းလောက်မှာပဲ ပေါင်ဒဏ်ရာကို ရရှိသွားခဲ့တာကြောင့် အဲ့ဒီအချိန်ကနေ စတင်ပြီး နော်တင်ဟမ်ရဲ့ ပွဲစဉ်တွေကို ဆက်တိုက် လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။ ကနဦးလောက်မှာတော့ အသက် (၂၆)နှစ်အရွယ် ဂိုးသမားအနေနဲ့ (၆)ပတ်လောက်သာ နားရလိမ့်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှသာ ရာသီကုန်တဲ့အထိ ဆက်လက် အနားပေးယူရတော့မယ်လို့ ထပ်မံ သတင်းထွက်လာခဲ့ရပါတယ်။

Henderson is currently on loan at Nottingham Forest, but he has not played since mid-January

Photo Credit : Daily Mail

ပိုပြီး အခြေအနေဆိုးသွားတာကတော့ ဟန်ဒါဆန်အနေနဲ့ သူရဲ့ ပေါင်ဒဏ်ရာက ခွဲစိတ်မှု ခံယူသွားဖို့ပါ ရှိနေပြီး ခွဲစိတ်မှု ပြုလုပ်သွားမယ်ဆိုရင်တော့ နောက်ထပ် (၃)လခန့်အထိပါ ဆက်လက် အနားယူရတော့မှာပဲ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်လာမယ်ဆိုရင်တော့ ဟန်ဒါဆန်ရဲ့ အနာဂတ်က ဝေဝါးသွားရတော့မှာဖြစ်ပြီး နော်တင်ဟမ်ကနေ အငှားစာချုပ်ပြည့်လို့ မန်ယူနိုက်တက်ဆီ ပြန်ရောက်လာရင်တောင် ယူနိုက်တက်ဘက်က ဒီဂီယာကိုသာ သက်တမ်းတိုးနိုင်မယ်ဆိုရင်တော့ ဟန်ဒါဆန်အနေနဲ့ သူရဲ့ ယူနိုက်တက် ကစားသမားဘဝပါ အဆုံးသတ်သွားရဖွယ် ရှိနေနိုင်ပါတယ်။

Henderson would be one of the options to take over as No.1 if the club cannot agree new terms with David de Gea (above)

Photo Credit : Daily Mail

ဒါပေမယ့် ဟန်ဒါဆန်ကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြန်သွားဖို့ ဆန္ဒမရှိတော့ကြောင်း ဒီဂီယာရဲ့ အရန်ဂိုးသမားအဖြစ် ဆက်လက် မကစားလိုကြောင်း ဖွင့်ဟထားခဲ့ဖူးတာကြောင့် လာမယ့်နွေမှာပဲ ဟန်ဒါဆန် နဲ့ ယူနိုက်တက်တို့ အပြီးသတ် လမ်းခွဲကြဖွယ်သာ ရှိနေပါတယ်။ ယူနိုက်တက်ကလည်း ဟန်ဒါဆန်ကို ရောင်းချပြီး ဒီဂီယာကို အသင်းမှာ နှစ်အနည်းငယ်လောက် ဆက်ထိန်းထားဖို့ ရှိနေသလို ပြီးခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းနဲ့အတူ တောက်ပခဲ့တဲ့ ဂိုးသမား လီဗာကိုဗစ်ကိုပါ အရ ခေါ်ယူသွားဖို့လည်း ပြင်ဆင်လျက် ရှိနေပါတယ်။