မနေ့ညက ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် အိမ်ရှင်ဂျာမနီနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သာမန်ပွဲချိန်အတွင်း တစ်ဖက်ကို တစ်ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားရာ အချိန်ပို နာရီဝက် ပြီးဆုံးခါနီးမှာပဲ စပိန် ကွင်းလယ်လူ မာရီနိုက ပွဲသိမ်း အနိုင်ဂိုး သွင်းယူပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဂျာမနီအသင်းက ဒုတိယပိုင်း ပွဲချ်ိန်အတွင်းမှာ အခွင့်အရေးတွေ များစွာ ရရှိခဲ့ပြီး လူစားဝင် ကစားသမား ဖလော်ရီယန် ဗက်ဇ်ရဲ့ နောက်ကျချေပဂိုးနဲ့ အချိန်ပိုမိနစ်တွေအထိ ဆက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : UEFA Euro 2024

ဒါပေမယ့် စပိန်က ဒုတိယပိုင်းအစမှာ အော်လ်မိုရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ထားချိန် မိုရာတာ ယာမဲလ် နီကိုဝီလီယံစ်တို့ အားလုံးကို လူစားလဲလိုက်တာက စပိန်နည်းပြ ဒီလာဖွန်တီရဲ့ အမှားဖြစ်ပြီး ဒါကို ဂျာမနီအနေနဲ့ အကောင်းဆုံး အသုံးမချနိုင်ခဲ့ပဲ ပင်နယ်တီ အဆုံးအဖြတ် ခံယူခါနီးမှပဲ မာရီနိုရဲ့ အသည်းခွဲဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။

ဒီပွဲမှာ ဂျာမနီရဲ့ အထောင်တိုက်စစ်နေရာကနေ ပါဝင်ခဲ့တဲ့ ကိုင်း ဟာဗက်ဇ်ဆိုရင်လည်း ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အဲ့ဒီအခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပဲ လွဲချော်မှုတွေသာ ဖြစ်ခဲ့ပါတယ်။ ဟာဗက်ဇ်က ဒီယူရိုပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့ပေမယ့် (၂)ဂိုးလုံးက ပင်နယ်တီကနေ သွင်းယူခဲ့တာတွေ ဖြစ်နေပါတယ်။

Photo Credit : UEFA Euro 2024

“ကျွန်တော်တို့ ဒီပွဲမှာ ဒီထက်မက ထိုက်တန်မှု ရှိခဲ့ပါတယ်။ ဒါက တကယ်ကို ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲပါပဲ။ စပိန်အသင်းမှာက တစ်ဦးချင်း အရည်အသွေးကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိနေပြီး သူတို့က ကျွန်တေတာ်တို့ဘက်ကနေ အမှားတစ်ခု လုပ်မိလိုက်တာနဲ့ ကျွန်တော်တို့ကို ကောင်းကောင်း အပြစ်ပေးနိုင်ပါတယ်။”

“ကျွန်တော်တို့အသင်းက ချေပဂိုး ရသွားပြီးတဲ့နောက်ပိုင်းမှာ ကစားတာပိုကောင်းလာပြီးတော့ နိုင်ပွဲရဖို့ ပိုထိုက်တန်လာသလိုပါ ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘောလုံးပွဲတွေဆိုတာ တစ်ခါတစ်ရံမှာ အရမ်းခက်ခဲတက်တာမို့ ဒီအရှုံးရလဒ်ကို ကုစားနိုင်ဖို့ဆိုတာ အချိန်အနည်းငယ်လောက်တော့ ယူသွားရပါဦးမယ်။” လို့ ဟာဗက်ဇ်က ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။