ဘိုင်ယန်မြူးနစ် နဲ့ ဂျာမနီနည်းပြဟောင်း ဖန်ဆီ ဖလစ်ခ်က အသင်းဟောင်း ဘိုင်ယန်ကို ပြန်လည် ကိုင်တွယ်ဖို့ထက် သူ့ကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းကို ကိုင်တွယ်သွားဖို့သာ ဆန္ဒရှိနေတယ်လို့ ဂျာမနီ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က အခု ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မှာဖြစ်လို့ ဘာစီလိုနာအနေနဲ့ ဇာဗီနေရာမှာ အစားထိုးဖို့အတွက် နည်းပြ အများအပြားကို ပစ်မှတ်ထားနေပြီး အဲ့ဒီထဲမှာ ဟန်ဆီ ဖလစ်ခ်လည်း အပါအဝင် ဖြစ်နေပါတယ်။

Photo Credit : Fichajes

ဖလစ်ခ်က ဂျာမနီ လက်ရွေးစင်အသင်းမှာ ဘာအောင်မြင်မှုမှ မရယူပေးနိုင်ခဲ့ပေမယ့်လည်း ဘိုင်ယန်ကို ကိုင်တွယ်ခဲ့စဉ်ကတော့ တစ်ရာသီတည်း ဖလား (၃)လုံးအထိ ရယူပေးနိုင်ခဲ့တဲ့အပြင် ဘိုင်ယန်နည်းပြတွေထဲ နိုင်ပွဲ ရာခိုင်နှုန်း အမြင့်ဆုံးတွေထဲမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။

အဲ့ဒီလို အောင်မြင်ခဲ့ရာကနေ ဂျာမနီအသင်းကို ကိုင်တွယ်လိုက်ချိန်မှာတော့ ဖလစ်ခ်ရဲ့ အောင်မြင်မှုကို မှေးမှိန်သွားခဲ့ရပြီး အသင်းလက်မဲ့ပါ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ဘာစီလိုနာအပြင် သူ့အသင်းဟောင်း ဘိုင်ယန်ကပါ ပစ်မှတ်ထားနေပါတယ်။

Photo Credit : Eurosport

ဘိုင်ယန်က လက်ရှိနည်းပြ သောမတ်စ် တူဟယ်လ်လက်ထက်မှာ ရလဒ်တွေရော စွမ်းဆောင်မှုတွေပါ အကျဘက်ရောက်လာတာကြောင့် လာမယ့်နွေမှာပဲ တူဟယ်လ်နဲ့ လမ်းခွဲဖို့ အတည်ပြု ထုတ်ပြန်ခဲ့ပြီး တူဟယ်လ်နေရာအတွက် ပစ်မှတ်ထားနေတဲ့ နည်းပြတွေထဲမှာ နည်းပြဟောင်း ဖလစ်ခ်ပါ အပါအဝင် ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဖလစ်ခ်ကတော့ သူ့အသင်းဟောင်း ဘိုင်ယန်ကို ပြန်သွားဖို့ ဆန္ဒမရှိတော့ပဲ ဘာစီလိုနာအသင်းဆီကိုသာ သွားချင်နေသလို လတ်တလောမှာလည်း ဖလစ်ကပဲ ဘာစီလိုနာ နည်းပြသစ် ဖြစ်လာနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပြန်ပါတယ်။