မန်ချက်စတာစီးတီးအသင်းရဲ့ နော်ဝေ လက်ရွေးစင် အထောင် တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ ဥရောပ အားကစားမီဒီယာ အဖွဲ့အစည်းကနေ ကြီးမှူးပြီး ချီးမြှင့်ခဲ့တဲ့ ဥရောပ ရွေဖိနပ်ဆုကို သူ့ ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ စတင် ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Haaland claims 2022/23 Golden Boot

Photo Credtit : Premier League

ဟာလန်းက ဒီရာသီမှ မန်စီးတီးအသင်းကို စတင် ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ကစားခဲ့ရပေမယ့် သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ စံချိန်တင် သွင်းဂိုး (၃၆)ဂိုးအထိကို သွင်းယူထားနိုင်တာကြောင့် ပရီးမီးယားလိဂ်က ပြိုင်ဘက် ဂိုးသွင်းထားသူတွေတင်မကပဲ တခြား ဥရောပလိဂ်တွေက ကစားသမားတွေထက်ပါ သူရဲ့ ဂိုးအရေအတွက်က အတော်လေး သာလွန်နေရပါတယ်။ ဒါပေမယ့် ဥရောပလိဂ်တွေ မပြီးဆုံးသေးတာကြောင့် ဟာလန်းက ESM ဆုကို တရားဝင် ဆွတ်ခူးဖို့ စောင့်ဆိုင်းနေရတာဖြစ်ပြီး အခု လာလီဂါ စီးရီးအေ လီဂူးတို့လည်း ပြီးဆုံးသွားသလို မပြီးဆုံးသေးတဲ့ လိဂ်တွေက ကစားသမားတွေဟာလည်း ဟာလန်းရဲ့ ဂိုးအရေအတွက်ကို လိုက်မမီတော့ကြောင့် ဟာလန်းက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ESM Winner ဖြစ်လာခဲ့ရပါတယ်။

Haaland wins FWA Footballer of the Year award!

Photo Credit : Mancheset City FC

ဒီရာသီမှာ ESM ဆုအတွက် ဟာလန်းနဲ့ အနီးစပ်ဆုံး ရှိခဲ့တဲ့ ကစားသမားတွေက ဂိုး(၃၀) သွင်းယူနိုင်တဲ့ ဟာရီကိန်းနဲ့ (၂၉)ဂိုး သွင်းယူခဲ့တဲ့ ဘာပေတို့ နှစ်ယောက်သာ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက နော်ဝေ ဘောလုံးသမားတွေထဲမှာ ESM ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သူ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ရပြန်ပါတယ်။ ဟာလန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး စံချိန်ဖြစ်တဲ့ (၃၄)ဂိုးကိုပါ (၂)ဂိုးအသာနဲ့ စံချိန်ရိုက်ချိုးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ခဲ့ရပါတယ်။ အခုဆိုရင်တော့ ဟာလန်းက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလားတို့ကို ပိုင်ဆိုင်ထားနိုင်ပြီး ချန်ပီယံလိဂ်ဖလားပါ အရယူနိုင်ဖို့နဲ့ Treble Champions ဖြစ်လာဖို့ လက်တစ်ကမ်းအကွာသာ လိုနေပါတော့တယ်။