မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေထဲကမှ အာလင်း ဟာလန်းနဲ့ ကယ်လ်ဗင် ဒီဘရိုင်းတို့ရဲ့ လုပ်အားနှုန်းတွေ စွမ်းဆောင်ရည်တွေကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ ယူနိုက်တက် ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

မန်ချက်စတာဒါဘီပွဲ မတိုင်ခင် မန်စီးတီးက လူတန်တောင်းအသင်းနဲ့ FA Cup ပဉ္စမအဆင့်ကို ယှဉ်ပြိုင်ခဲ့ရာ အဲ့ဒီပွဲမှာပဲ ဟာလန်း တစ်ဦးတည်းက သွင်းဂိုး (၅)ဂိုးအထိ သွင်းယူသွားခဲ့သလို ဒီဘရိုင်းကလည်း ဟာလန်းအတွက် ဂိုး(၄)ဂိုးကို ဖန်တီးပေးခဲ့ပါသေးတယ်။

Photo Credit : The Sun

ဒီလို ဟာလန်း-ဒီဘရိုင်းတို့ရဲ့ အတွဲအဖက်ကနေ ဂိုးတွေ သောက်သောက်လဲ ရရှိနေတာက ဒဏ်ရာရ ကစားသမားတွေနဲ့ ရုန်းကန်နေရတဲ့ ယူနိုက်တက်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ရဲ့ အနာဂတ်အတွက်ကလည်း ပိုပြီး စိုးရိမ်စရာကောင်းလာပါတယ်။

ဒီလို အခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်အသင်း ပရိသတ်တွေက “ဟာလန်းနဲ့ ဒီဘရိုင်းတို့ပေါင်းပြီး တန်ဟက်ဂ်ကို ဒီရာသီမကုန်ခင်မှာ ထုတ်ပယ်ခံရအောင် လုပ်ပါလိမ့်မယ်။” “ဟာလန်းနဲ့ ဒီဘရိုင်းတို့က အရမ်းကို ခြေစွမ်းထက်မြက်နေတာမို့ တန်ဟက်ဂ်အတွက် ဆုတောင်းပေးရပါတော့မယ်။”

Photo  Credit : Goal

“ဟာလန်းနဲ့ ဒီဘရိုင်းတို့ form အရမ်းမ်ိနေတာကြောင့် ဒါက ယူနိုက်တက်အတွက် အဆိုးဆုံး အချိန်ပါပဲ။ ယူနိုက်တက် ပရိသတ်တစ်ဦးအနေနဲ့ ငါကတော့ ဒီပွဲကို ကြည့်နိုင်မှာ မဟုတ်ပါဘူး။” လို့ ရေးသား ဖော်ပြထားကြပါတယ်။

ဒီလိုမျိုးတွေ ပြောနေကြပေမယ့် ယူနိုက်တက် ပရိသတ် တန်ဟက်ဂ်ကတော့ သူအထုတ်ခံရတော့မယ်ဆိုတဲ့ ကောလဟာလတွေကို ယုံကြည်နေမှာ မဟုတ်ပဲ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့ကလည်း သူ့အပေါ် အပြည့်အဝ ယုံကြည်မှုပေးထားတယ်လို့ တုံ့ပြန် ပြောကြားထားခဲ့ပါတယ်။