အာဆင်နယ်အသင်းကတော့ အသင်းရဲ့ အနာဂတ်အတွက် အားထားရမယ့် လူငယ် ကစားသမားကောင်းလေးတွေကို ပိုင်ဆိုင်ထားရပြီး အခုလည်း အသင်းက လူငယ် ကစားသမားလေးတစ်ဦးက တစ်ပွဲတည်းမှာပဲ သွင်းဂိုး (၁၀)ဂိုးအထိ အံ့အားသင်စဖွယ် သွင်းယူနိုင်တဲ့ ချာတိတ်လေးပါ ပေါ်ထွက်လာခဲ့ပါတယ်။
ဟယ်ရီကိန်း အင်ဒီကိုး အက်ရှ်လေကိုး ဖာဘရီဂတ်စ် ဆာကာ အန်ခီတီယာ ဘယ်လာရင် ဝီရှိုင်းယား အီဝိုဘီ စမစ်ရိုး ဝီလော့ခ်တို့လို ကစားသမားတွေကို အကယ်ဒမီကနေ မွေးထုတ်ပေးခဲ့တဲ့ အာဆင်နယ် လူငယ်အကယ်ဒမီဟာ အခုလည်း စောင့်ကြည့်ချင်စရာကောင်းတဲ့ ကစားသမားလေးကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။
Photo Credit : Jeorge Bird’s Arsenal Youth
ဒီကစားသမားလေးကတော့ အသက် (၁၅)နှစ်အရွယ်သာ ရှိနေသေးတဲ့ အိုဘီမာတင်ဆိုတဲ့ တိုက်စစ်မှူးလေး ဖြစ်ပါတယ်။ ဒိန်းမတ်မှာ မွေးဖွားခဲ့ပြီး ဒိန်းမတ် နိုင်ဂျီးရီးယား နဲ့ အင်္ဂလန် (၃)သင်းလုံးကို လက်ရွေးစင်အသင်းအဖြစ် စိတ်ကြိုက် ရွေးချယ် ကိုယ်စားပြုနိုင်တဲ့ ကစားသမားလေးလည်း ဖြစ်ပါတယ်။
ဒီကစားသမားလေးက လီဗာပူးလ် ယူ-၁၆ အသင်း နဲ့ အာဆင်နယ် ယူ-၁၆ အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း အာဆင်နယ်က (၃)ဂိုး (၁၄)ဂိုးနဲ့ အနိုင်ရရှိခဲ့ရာ အဲ့ဒီပွဲစဉ် တစ်ပွဲတည်း အာဆင်နယ်အတွက် သွင်းဂိုး (၁၀)ဂိုးကို အိုဘီမာတင် တစ်ဦးတည်းကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Mirror
ဒီလို တစ်ပွဲတည်း (၁၀)ဂိုးအထိ သွင်းယူခဲ့တဲ့ အိုဘီမာတင်က twitter မှာ အရမ်း trend ဖြစ်နေရပြီး အာဆင်နယ် ပရိသတ် တော်တော်များများကလည်း အာဆင်နယ်က အိုင်ဗန် တိုနေးလို တိုက်စစ်မှူးမျိုးတောင် မလိုအပ်တော့ပဲ အိုဘီမာတင်ကိုသာ စီနီယာအသင်းမှာ နေရာပေးဖို့ တောင်းဆိုနေကြပါတယ်။
အာဆင်နယ်အနေနဲ့ အိုဘီမာတင်လို လူငယ် ကြယ်ပွင့်ကစားသမားလေးကို ပိုင်ဆိုင်ထားရတာက လက်ရှိ အသင်းအတွက် ချက်ချင်း အကျိုးမရှိနိုင်သေးဘူး ဆိုနိုင်ပေမယ့်လည်း အသင်းရဲ့အနာဂတ်ကအတွက်တော့ အကျိုးရှိစေမှာ သေချာနေပါတယ်။