ကယ်လ်ဗင် ဒီဘရိုင်းက မန်ချက်စတာ စီးတီး အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက ချီးကျူး ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက ဝုဖ်လ်ဘတ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် အသင်းနဲ့ ဆယ်စုနှစ်တစ်ခုပါ ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ဖြတ်သန်းခဲ့ဖူးတဲ့ ဒီဘရိုင်းဟာ မန်စီးတီးနဲ့လည်း ချက်ချင်းအသားကျခဲ့ပြီး မန်စီးတီးအသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရသလို သူရဲ့ ဂိုးပါဝင်ပတ်သက်မှုတွေနဲ့ အသင်းကို ဆုဖလားတွေများစွာပါ ရယူပေးနိုင်ခဲ့ပါတယ်။

မနေ့ညက ဘရိုက်တန်နဲ့ပွဲမှာလည်း (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအတွက် သွင်းဂိုးစုစုပေါင်း (၁၀၀)ပြည့်မြောက်သွားခဲ့ရာ သူ့ကို နည်းပြကြီး ဂွာဒီယိုလာက “ဒီနေ့က ကယ်လ်ဗင်ကြောင့် နိုင်ပွဲရခဲ့တာ။ သူသာ မပါလာနိုင်ခဲ့ရင် ငါတို့တွေလည်း ဒီပွဲကို အနိုင်မရနိုင်ဘူး။ ဆိုတော့ ဒီလိုပွဲမျိုးမှာ ကယ်လ်ဗင်လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာက လွယ်ကူမှု ရှိစေရပါတယ်။”

Photo Credit : Sky Sports

“သူ အသင်းဘတ်စ်ကားပေါ်မှာ လော့ကာခန်းထဲမှာ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြောသမျှတွေကို ကျွန်တော် နားထောင်ပါတယ်။ သူရဲ့ Body Language ကလည်း သူ ဘယ်လို ကစားသမားမျိုးလဲဆိုတာကို ပြသနေပါတယ်။ ဒါက တခြားကစားသမားတွေနဲ့ အတူတူပဲ ဆိုပေမယ့် ကယ်လ်ဗင်က ထူးခြားနေပါတယ်။”

“နောက်ပြီးတော့ သူ ကျွန်တော်တို့နဲ့ အတူရှိနေတာ (၉)နှစ် (၁၀)နှစ်လောက်တောင် ရှိနေပါပြီ။ ကိန်းဂဏန်းတွေ ပါဝင်နိုင်မှုတွေ တသမတ်တည်း ရှိမှုတွေဟာ တကယ့် အံ့မခန်းပါပဲ။ သူက မန်စီးတီးအသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါပဲ။” လို့ ချီးမွှမ်းလိုက်ပါတယ်။