အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ချန်ပီယံ လီယွန်နယ် မက်ဆီကို မယှဉ်နိုင်ခဲ့ပဲ ၂၀၂၃ ဘာလွန်းဒေါဆုကို လက်လွတ်လိုက်ရပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

တစ်ရာသီတည်း ဖလား (၃)လုံး ရယူပြီး (၅၂)ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း မက်ဆီကို ကျော်လွှားနိုင်ခြင်း မရှိပဲ ဘာလွန်းဒေါဆုနဲ့ လွဲချော်ခဲ့ရပေမယ့် ဟာလန်းအနေနဲ့ မက်ဆီ ဘာပေတို့နဲ့အတူ ဘာလွန်းဒေါမှာ Top 3 list ထဲမှာ ပါဝင်ရလို့ ကျေနပ်လျက် ရှိနေတယ်လို့ ဟာလန်းရဲ့ဆရာသမား ပက်ပ် ဂွာဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Ballon d’Or X

“သူက မက်ဆီ ဘာပေတို့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်တွေ ဖြစ်နေတဲ့အပေါ် ပျော်ရွှင်နေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီဆုပေးပွဲကလည်း ကျွန်တော်တို့ မန်စီးတီးအသင်းအတွက် ကောင်းမွန်တဲ့ ညတစ်ညပါ ဖြစ်ခဲ့ရပါတယ်။”

“မက်ဆီ နဲ့ ဘွန်မာတီတို့ကိုလည်း ဂုဏ်ပြုမိပါတယ်။ ကျွန်တော်တို့ အသင်းအတွက်ကလည်း အရမ်းကို အရေးကြီးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီနေရာမှာ အကြိမ်ရေများစွာ မရှိခဲ့ဘူးလို့ပါပဲ။ အခုတော့ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့က အရေးပါသူတွေအဖြစ် ရပ်တည်နေရပါပြီ။”

Photo Credit : Daily Mail

“ဟာလန်းကတော့ သူ့မှာ ကစားသမားဘဝက အများကြီး ရှိနေသေးတာကြောင့် အခုရာသီ မရခဲ့ရင်လည်း နောက်ရာသီ ငါရအောင် ယူပြမယ်ဆိုပြီး အားမွေးနိုင်ပါတယ်။ အခုလည်း သူက ဘာလွန်းဒေါ Top 3 စာရင်းထဲ ပါဝင်နေလို့ ကျေနပ် ပျော်ရွှင်နေရပါတယ်။” လို့ ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းက မနှစ်က ဘောလုံးရာသီထဲ စုစုပေါင်း သွင်းဂိုး (၅၂)ဂိုးထိ သွင်းယူနိုင်ခဲ့လို့ ဘာလွန်းဒေါရဲ့ အကောင်းဆုံး တိုက်စစ်မှူးဆု ဂတ်မူလာဆုကိုသာ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီရာသီမှာလည်း ဟာလန်းက မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားထားခဲ့ပြီး သွင်းဂိုး (၁၃)ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။