မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ်ဂွာဒီယိုလာက သူ့အနေနဲ့ ဒီနှစ် ဘောလုံးရာသီအတွင်း ဆုဖလား (၃)လုံး လမ်းကြောင်းပေါ်မှာ ရပ်တည်နေပြီး ဒီဖလားတွေကို သိမ်းပိုက် ရယူနိုင်ဖို့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရခြင်းက အထူး အခွင့်အရေးတစ်ခုသာ ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

City are seven games away from emulating Manchester United’s 1999 treble winning season

Photo Credit : Daily Mail

လက်ရှိမှာတော့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဖလား(၃)လုံးကို သိမ်းပိုက်နိုင်ဖို့အတွက် ပွဲပေါင်း (၇)ပွဲသာ ကျန်ရှိနေတော့ပြီး ဒီလို သမိုင်းဝင် အောင်မြင်မှုမျိုး ရရှိဖို့အတွက် ကြီးမားတဲ့ ဖိအားဒဏ်တွေကို ရင်ဆိုင်နေရခြင်းက အခွင့်ထူးပါပဲလို့ ပြောဆိုသွားခဲ့ပါတယ်။ “အစောပိုင်းနှစ်တွေတုန်းက ဘာစီလိုနာအသင်းမှာ ကိုင်တွယ်ခဲ့ရတဲ့ ကိစ္စတွေထက် လက်ရှိမှာ ပိုမို ခက်ခဲလာခဲ့ရပါတယ်။ အခုဆိုရင်တော့ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို နည်းနည်းတော့ ကောင်းကောင်းသိလာပါပြီ။ အလုပ်ဆိုတာ ဘယ်တော့မှ မရပ်တန့်ဘူး ဆိုပေမယ့်လည်း တစ်ချိန်တည်းမှာပဲ ဒါက ကောင်းတယ်ဆိုတာ အမှန်ပါပဲ။”

The Spanish coach said he learned how to cope with pressure during his time at Barcelona

Photo Credit : Daily Mail

“ကစားပွဲတွေအတွင်း (၅)ရက်လောက် အနားရတဲ့ အချိန်မျိုးဆိုရင်တော့ အတတ်နိုင်ဆုံး အိပ်ပျော်အောင် ကြိုးစားတယ်။ အင်္ဂါနေ့က မက်ဒရစ် နဲ့ တနင်္ဂနွေနေ့မှာ အဲဗာတန်။ ဒါကြောင့် ကျွန်တော် ဇနီး နဲ့ သမီးငယ်လေးကို တွေ့ရဖို့အတွက် ဘာစီလိုနာကို သွားပြီး (၂)ရက်နေခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်ကို အကူအညီပေးတယ်။ ကစားပွဲတွေကြား (၃)ရက်လောက် အနားရမယ်ဆိုရင်တော့ အခွင့်အလမ်း မရှိပါဘူး။ ဘာလို့ဆိုတော့ တစ်ပွဲပြီးရင် နောက်တစ်ပွဲအတွက် ပြင်ဆင်ရတော့မှာလေ။ ကျွန်တော် အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်လာတဲ့ ပုံစံကို ပိုသဘောကျမိတယ်။ အရာအားလုံးကနေ သင်ယူမှုတွေ ရှိလာခဲ့ပြီး အထူးသဖြင့်တော့ ချန်ပီယံလိဂ်မှာ ရှုံးခဲ့ရတာတွေကို သင်ယူမိခဲ့တယ်။”

Pep Guardiola hopes his team can compete in all competitions as they vie for the treble

Photo Credit : Daily Mail

“ပွင့်ပွင့်လင်းလင်း ပြောရရင် အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ဘာမှတော့ ပြောင်းလဲသွားတာ မရှိတာ နားလည်ရပါမယ်။ ဘာလို့ဆိုတော့ ဒီအခိုက်အတန့်မှာ ရလဒ်တွေ ကောင်းဖို့ ကြိုးစားလုပ်ဆောင်ဖို့သာ အရေးကြီးတာပါ။ ကျွန်တော် ညီးညူမနေပါဘူး။ ဒါက အခွင့်ထူး တစ်ခုပါ။ ဒါကနေ တောင်းဆိုမှုတွေ အများကြီး ရှိလာနိုင်တယ် ဆိုပေမယ့်လည်း လာမယ့် ပွဲတွေကို အနိုင်ယူဖို့နဲ့ နောက်ဆုံးမှာ ဆုဖလားတွေကို ရယူဖို့ဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒါက အရမ်း ပင်ပန်းနေချိန်မှာ မယုံနိုင်လောက်စရာ စွမ်းအင်တွေ ပေးပါတယ်။ ဒီအချိန်မှာ ဖိအားတွေ ရှိတယ်။ တွန်အားတွေ ရှိမယ်။ ဒါကို ကျွန်တော်ရော အသင်းက လူတွေပါ ခံစားနေရလိမ့်မယ်။ ဒါ ပုံမှန်ပါပဲ။” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။