မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံကစားသမား ဂျက် ဂရီးလးစ်ရှ်က အာဆင်နယ်အသင်းဟာ ဒီရာသီမှ ခေါ်ယူထားတဲ့ ဒက်ကလန်ရိုက်စ် ကိုင်းဟာဗက်ဇ်တို့ကြောင့် အာဆင်နယ်က မနှစ်ကထက် အတွေ့အကြုံကောင်းတွေ ပိုပြီး ပိုင်ဆိုင်လာခဲ့ရတယ်လို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဒီတစ်ပတ်ရဲ့ တနင်္ဂနွေမှာ မန်စီးတီးအိမ်ကွင်း Etihad တွင် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရင်ဆိုင်ကြရမှာဖြစ်ပြီး ဒီပွဲက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အားပြိုင်နေကြတဲ့ မန်စီးတီးအတွက်ရော အာဆင်နယ်အတွက်ပါ အရေးကြီးလို့နေပါတယ်။

Photo Credit : beIN SPORTS

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်က လီဗာပူးလ်အသင်းထက် အမှတ်တူ ဂိုးကွာခြားချက်အသာ မန်စီးတီးထက် ရမှတ်(၁)မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်လို့နေပြီး အခုပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင် အာဆင်နယ်အတွက် အခြေအနေက အကောင်းဆုံး ဖြစ်သွားပါလိမ့်မယ်။

ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီး ဂရီးလစ်ရှ်က “သူတို့အသင်းက ဒီကလန်နဲ့ ကိုင်းတိုု့လို ကစားသမားတွေကို ဖြည့်တင်းထားပြီးတော့ လက်ရှိမှာလည်း သူတို့နှစ်ယောက်လုံးက အကောင်းဆုံး ကစားပြနေပါတယ်။”

Photo Credit : Marca

“သူတို့အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် အတွေ့အကြုံ နည်းနည်း ပိုရှိနိုင်ပါတယ်။ ဒီရာသီရော ပြီးခဲ့တဲ့ရာသီမှာပါ သူတို့က ငယ်ရွယ်နုပျိုတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားပြီးတော့ ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင်လည်း ချန်ပီယံလုပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်နိုင်ခဲ့သေးတာမို့ အခုဆိုရင် အတွေ့အကြုံတွေ ပိုရှိနိုင်ပါတယ်။”

“ကျွန်တော်တို့လည်း အခုပွဲမှာ အနိုင်ရလဒ်ကို ရယူလိုက်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ အနေအထားကို ရောက်သွားမှာဖြစ်လို့ အဲ့ဒီအတွက် ပိုမို အာရုံစိုက်သွားရပါမယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၅ခုနှစ်နောက်ပိုင်းကတည်းက မန်စီးတီးရဲ့ အယ်လ်တီဟတ်ကွင်းမှာ တစ်ခါမှ နိုင်ပွဲမရခဲ့ပဲ သရေရလဒ်တောင် တစ်ကြိမ်လေးသာ ရယူနိုင်ခဲ့ပါတယ်။