ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ အသင်းကို ခဏတဖြုတ် ထိန်းကျောင်းပေးနိုင်ခဲ့တဲ့ ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဒ်ဆန်နဲ့ မကြာခင်မှာပဲ ပြန်လည် လက်တွဲဖြုတ်ရတော့မှာဖြစ်လို့ ဟော့ဒ်ဆန်နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီး နဲ့ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ်ပေါ်တာကို အလိုရှိလာခဲ့ပါတယ်။

Veteran Roy Hodgson's short-term contract at Selhurst Park comes to an end this summer

Photo Credit : Daily Mail

ပဲလေ့စ်အသင်းက အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းကြီး ပက်ထရစ်ဗီယာရာနဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ပေမယ့် ရလဒ် ဆိုးရွှားမှုတွေကြောင့် ဗီယာရာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး နည်းပြဟောင်းကြီး ဟော့ဒ်ဆန်ကို ယာယီ တာဝန်ပေးခဲ့ပါတယ်။ ဟော့ဒ်ဆန်လက်ထက်မှာတော့ ပဲလေ့စ်က အခြေအနေတွေ ပြန်လည် ကောင်းမွန်လာခဲ့ရာကနေ နောက်ဆုံး တန်းဆင်းဇုန်နဲ့ပါ လွတ်မြောက်သွားသလို အဆင့် ရပ်တည်ချက်ပါ မြင့်မားလာခဲ့ရပါတယ်။

Graham Potter is Crystal Palace's top choice to take over as their new manager, state reports

Photo Credit : Daily Mail

ဒါပေမယ့် ဘောလုံးနယ်ပယ်ကနေပါ အနားယူသင့်တဲ့ အရွယ်မျိုးကို ရောက်ရှိနေပြီဖြစ်တဲ့ ဟော့ဒ်ဆန်က ပဲလေ့စ်နဲ့ ကာလတိုလေးသာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်လို့ မကြာခင်မှာပဲ အသင်းနဲ့ လမ်းခွဲရတော့မှာဖြစ်တာကြောင့် ဟော့ဒ်ဆန်နေရာမှာ အစားထိုးဖို့အတွက် နည်းပြတစ်ဦး လိုအပ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ပဲလေ့စ်ဟာ ဒီနှစ်ထဲမှာပဲ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံထားရတဲ့ နည်းပြပေါ်တာကို စိတ်ဝင်စားနေပြီး ဟော့ဒ်ဆန် အသင်းက ထွက်ခွာချိန်မှာပဲ ပေါ်တာနဲ့ ပြန်လည် အစားထိုးဖွယ် ရှိနေပါတယ်။

The 48-year-old boss (right) is currently out of work after being sacked by Chelsea in April

Photo Credit : Daily Mail

ပေါ်တာဆိုတာကလည်း ချယ်လ်ဆီးမှာ ကြောင်ပျောက်ခဲ့ရပေမယ့် ဘရိုက်တန်မှာတော့ အသင်းကို အကောင်းဆုံး အခြေအနေထိ ရောက်ရှိအောင် တည်ဆောက်နိုင်ခဲ့တဲ့ နည်းပြကောင်းတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးလို ပုံရိပ်ကြီးတဲ့ အသင်းမျိုးမှာမှသာ တည်ငြိမ်မှု နည်းပါးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အလယ်အလတ် အသင်းတွေ ကိုင်တွယ်ရမှာတော့ ပေါ်တာရဲ့ အရည်အသွေးတွေက အသိအမှတ်ပြုချင်လောက်စရာဖြစ်ပြီး တကယ်လို့ ပဲလေ့စ်ကိုသာ ကိုင်တွယ်ဖြစ်မယ်ဆိုရင် ပဲလေ့စ်ကို ဘယ်လိုအနေအထားထိ စွဲတင်နိုင်မလဲ ချယ်လ်ဆီးမှာ နစ်မြှပ်ခဲ့ရတဲ့ သူရဲ့ နည်းပြအလုပ်ကို ဘယ်လို ပြန်အဖတ်ဆည်နိုင်မလဲဆိုတာပါ စောင့်ကြည့်ရပါလိမ့်မယ်။