ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက မနက်ဖြန်ညမှာ လက်စတာအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်သွားရနိုင်မယ့် အသင်းသား (၅)ယောက်အကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football London

ပြီးခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွင်း ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့တဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်နဲ့ ပတ်သတ်ပြီး ပေါ်တာက “ရီးစ်က နေမကောင်း ဖြစ်နေလို့ ဒီနေ့မှာ သူ လေ့ကျင့်ခန်းမဆင်းနိုင်ဘူး။ ဒါကြောင့် သူက မနက်ဖြန်နဲ့ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့သလို “ရာဟင်းက တံကောက်ကြောဒဏ်ရာ ခံစားနေရပြီး အနည်းငယ် သံသယ ဖြစ်စရာပါ။ အူဘာမီယန်းကလည်း သူ့နောက်ကျောမှာ ပြသာနာ အနည်းငယ် ရှိတာကြောင့် သူလည်း မနက်ဖြန်ပွဲကို လွဲချော်ပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

N'Golo Kante injury news amid new Chelsea contract talk

Photo Credit : The Pride of London

ဒါ့အပြင် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး လေ့ကျင့်ခန်း အစီအစဉ်တွေပါ ပြန်လည် လုပ်ဆောင်နိုင်ပြီဖြစ်တဲ့ ကွင်းလယ်လူ အန်ဂိုလိုကန်တေနဲ့ ပတ်သတ်ပြီးတော့လည်း “သူလည်း ပါဝင်နိုင်ဦးမှာ မဟုတ်ဘူး။ သူက အချိန်ယူဖို့ လိုအပ်နေဆဲပါပဲ။ သူ့ကို အဲဗာတန်နဲ့ပွဲအတွက်ကိုပဲ ရည်မှန်းထားတယ်။ စနေပွဲတော့ မဟုတ်သေးပါဘူး” လို့ ရှင်းလင်းသွားခဲ့ပါတယ်။

Newcastle 'enter race' for Liverpool target Mount as five clubs show  'interest' in Chelsea midfielder

Photo Credit : Planet Football

ဆက်လက်ပြီး ကင်းပါဝါမှာ ကစားရမယ့် လက်စတာနဲ့ ပွဲစဉ်ကို လွဲချော်ရနိုင်တဲ့ နောက်ထပ် ကစားသမားဖြစ်သူ မေဆန်မောင့်နဲ့ ပတ်သတ်ပြီးတော့လည်း ပေါ်တာက “သူလည်း ဒဏ်ရာကနေ မသက်သာလာသေးခင် အချိန်အနည်းငယ်လောက်တော့ အနားယူဖို့ လိုပါလိမ့်မယ်။ သူက အသင်းအတွက် နေရာအစုံမှာ ကစားနေရတာ အသင်းအတွက် ကူညီပေးနေရတာကို ပျော်ရွှင်နေတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းဟာ လက်စတာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း သီယာဂိုဆေးလ်ဗား အပါအဝင် ရီးစ်ဂျိမ်းစ် အူဘာမီယန်း ကန်တေ မေဆန်မောင့်နဲ့ စတာလင်တို့ လွဲချော်ရမှာဖြစ်ပြီး အိမ်ရှင်လက်စတာကလည်း မန်ယူနိုက်တက်ကို စတင် ရှုံးနိမ့်ချိန်ကတည်းက ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ခဲ့ရတာကြောင့် ဧည့်သည် ချဲလ်ဆီးအတွက် ရလဒ်ကောင်းနိုင်ဖို့က အလားအလာ ကောင်းနေရပါတယ်။