ဖူလ်ဟမ်အသင်းကတော့ ပရီးမီးယားလိဂ် ကလပ်အသင်း ဝုလ်ဗ်ရဲ့ ကစားသမားဟောင်းဖြစ်သူ winger အဒါမာ ထရာအိုရေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီလို့ သိရှိရပါတယ်။

ကိုယ်လုံးကိုယ်ထည် တောင့်တောင့်နဲ့ အပြေးအား ကန်ချက်အားတွေ ကောင်းလွန်းတဲ့ စပိန် လက်ရွေးစင် တောင်ပံ ကစားသမား ထရာအိုရေးဟာ ဒီနွေမှာပဲ ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး free agent player ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : TEAMtalk

အသက် (၂၇)နှစ်အရွယ်ရှိ ညာတောင်ပံ ကစားသမား ထရာအိုရေးဟာ နာမည်ကြီး ဘောလုံး အကယ်ဒမီတစ်ခုဖြစ်သော ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ကာ ဘာစီလိုနာ စီနီယာအသင်းအတွက်ကိုလည်း (၄)ပွဲအထိ ကစားထားနိုင်ခဲ့ပါသေးတယ်။

ဘာစီလိုနာမှာ နေရာမရနိုင်တဲ့ ထရာအိုရေးက အက်စတွန် ဗီလာ နဲ့ မစ်ဒယ်ဘရော့အသင်းတွေဆီ ပြောင်းရွှေ့့ခဲ့ပြီး ၂၀၁၈ခုနှစ်မှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်လာခဲ့တဲ့ ဝုလ်ဗ်က ထရာအိုရေးကို မစ်ဒယ်ဘရော့ဆီကနေ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Transfermarket

ထရာအိုရေးက ဝုလ်ဗ်အသင်းမှာ (၅)ရာသီအထိ ဖြတ်သန်းခဲ့ရပြီး ပွဲပေါင်း (၂၀၀)အထိ ကစားထားနိုင်ခဲ့သလို ဘာစီလိုနာအသင်းမှာလည်း (၆)လတာအထိ အငှား ကစားသမားအဖြစ် ကစားခဲ့ပါသေးတယ်။

ဒါပေမယ့် ထရာအိုရေးက ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ပဲ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ပြုထားခဲ့ရပြီး ဒီလို အသင်းလက်မဲ့ ဖြစ်သွားရတဲ့ ထရာအိုရေးကိုလည်း အေစီမီလန် ရိုးမားတို့လည်း အသင်းတွေက ကြိုးပမ်းခဲ့ပေမယ့် အခုတော့ ဖူလ်ဟမ်အသင်းက ထရာအိုရေးကို ပရီးမီးယားလိဂ်မှာပဲ ဆက်လက် ထားရှိဖို့ အခြေအနေ အရမ်းကောင်းလာခဲ့ပြီလို့ သိရပါတယ်။