မန်ချက်စတာယူနိုက်တက်အသင်းက ဂျုဗင်တပ်စ် ကွင်းလယ်ကစားသမား အက်ဒရီယန် ရာဘီယော့ကို ခေါ်ယူဖို့အတွက် ဆက်သွယ်ထားပြီးမှ ဂျုဗင်တပ်စ်က ဒီကစားသမားကို စာချုပ်သက်တမ်း တိုးမြှင့်လိုက်တဲ့အတွက် အခုအခါ ဂျုဗင်ရဲ့ တောင်ပံ တိုက်စစ်ကစားသမား ဖရက်ဒရစ်ကို ခီယေဇာဘက် လှည့်လာခဲ့တယ်လို့ သိရပါတယ်။

May be an image of 1 person, playing football, playing soccer and text

Photo Credit : Juventus

ယူနိုက်တက်က ပြီးခဲ့တဲ့နွေမှာရော အခု နွေဈေးကွက်မှာပါ ဂျုဗင်တပ်စ်ရဲ့ ပြင်သစ် ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း နှစ်ကြိမ်လုံးမှာ လစာပိုင်း အဆင်မပြေမှုကြောင့် ခေါ်ယူဖို့ အဆင်မပြေ ဖြစ်ခဲ့ရသလို လက်ရှိမှာလည်း ရာဘီယော့က ဂျုဗင်တပ်စ်နဲ့သာ (၁)နှစ် စာချုပ်သစ် ချုပ်ဆိုသွားခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ယူနိုက်တက်က ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကိုပဲ ပိုမို အာရုံစိုက်လာခဲ့တဲ့အပြင် ဒီနွေမှာ ဂျုဗင်နဲ့ လမ်းခွဲရနိုင်တဲ့ ခီယေဇာကိုပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Federico Chiesa reflects on 'endless' & 'terrible' injury recovery after  missing 10 months at Juventus | Goal.com US

Photo Credit : Goal

အသက် (၂၅)နှစ်အရွယ်ရှိ အီတလီ လက်ရွေးစင် ကစားသမား ခီယေဇာဟာ ၂၀၂၂ခုနှစ်ကမှ ဖီအိုရင်တီးနားကနေ ဂျုဗင်တပ်စ်အသင်းဆီကို အပြီးသတ် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာ ခံစားမှုကြောင့် နောက်ပိုင်း အသင်းအတွက် ပြန်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှုတွေ နည်းပါးလာခဲ့ရပါတယ်။ လတ်တလောမှာတော့ သူ့ကို လီဗာပူးလ် နယူးကာဆယ် အက်စတွန်ဗီလာအသင်းတွေက စိတ်ဝင်စားလျက် ရှိနေကြပြီး မန်ယူနိုက်တက်ကလည်း ခီယေဇာ race ထဲ ပါဝင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Football Talk

ခီယေဇာက ဘယ်ညာတောင်ပံ နှစ်ဖက်လုံးအပြင် လိုအပ်ရင်လည်း နောက်ချန် တိုက်စစ်နေရာမှာပါ ကစားတတ်သူလည်း ဖြစ်လို့ သူ့ကို ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူချင်နေကြပြီး ခီယေဇာရဲ့ position က ယူနိုက်တက် လိုအပ်နေတဲ့ နေရာမျိုး မဟုတ်ပေမယ့်လည်း အသင်းတိုက်စစ်မှာ position တစ်မျိုးမျိုးနဲ့ အသုံးပြုဖို့အတွက် ခေါ်ယူသွားဖွယ် ရှိနိုင်ပါတယ်။