ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် ဖရန့်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ ရာသီကုန် အထိ အသင်းမှာပဲ ဆက်််််််နေလိမ့်မယ်လို့ အတည်ပြု ပြောကြားလာခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၁ဝဉီး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာလည်း ဟာလန်းနဲ့ ဟယ်ရီကိန်းတို့ ပြီးရင် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Football 365

အိုင်ဗန် တိုနေးက အရည်အသွေး ရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် လောင်းကစားတွေ လုပ်မိခဲ့တာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က သူ့ကို ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီး တိုနေးရဲ့ ပွဲပယ်ပြစ်ဒဏ်ဟာ လာမယ့် ဇန်နဝါရီလ ၁၆ရက်နေ့ ဆိုရင် ပြီးဆုံးပါပြီ။

ဒါကြောင့် အိုင်ဗန် တိုနေးက ဇန်နဝါရီလ ၁၇ရက်နေ့မှ စတင်ကာ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်ပြီး လန်ဒန် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က ပွဲပယ်ပြစ်ဒဏ် စေ့တော့မယ့် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

  1. Photo Credit: Team Talk

ဒါပေမယ့် တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘရန့်ဖို့ဒ်ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း မရရင် မရောင်းဘူးလို့ သတင်းလွှင့်ထားသလို ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ကလည်း တိုနေးဟာ အသင်းမှာပဲ ဆက််််််နေလိမ့်မယ်လို့ ဆိုလာပါတယ်။

သောမတ်စ် ဖရန့်က – “တိုနေးဟာ အသင်းမှာပဲ ဆက်နေပါမယ်။ သူက ဘရန့်ဖို့ဒ် ကစားသမားပါ။ ကျွန်တော်တို့မှာ သူ့ကို ရောင်းချစရာ အကြောင်းအရင်း မရှိသလို ကျွန်တော်က သူ့ကို အသင်းမှာ အချိန်အကြာကြီး ဆက်ရှိစေချင်ပါတယ်။ သူ့ကို ခေါ်ချင်တဲ့ အသင်းတွေက မယုံနိုင်စရာကောင်းတဲ့ ငွေပုံကြီး ပေးဖို့ လိုပါတယ်။ ဒါကြောင့် သူက အသင်းမှာပဲ ဆက်နေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။