ချယ်လ်ဆီးအသင်းရဲ့ ယာယီနည်းပြ ဖရန့်လမ်းပတ်က သူဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန် ကစားသမား ဂျက်ဂရီးလစ်ရှ်ကို နှစ်သက် သဘောကျသူဖြစ်ပြီး ဂရီးလစ်ရှ်ရဲ့ အမာခံ ပရိသတ်တစ်ဦးလို့ပါ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

City boss Guardiola (left) and Grealish (right) were pictured partying as Man City were crowned Premier League champions on Saturday

Photo Credit : Daily Mail

ဗီလာ ကစားသမားဟောင်း ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဗီလာကနေ စီးတီးအသင်းဆီ ပေါင် သန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့စီးတီး ကစားသမားဘဝ ပထမဆုံးရာသီမှာတော့ ဂရီးလစ်ရှ်ဟာ ခြေစွမ်းပြဖို အသင်းနဲ့ အံ့ဝင်အောင် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အခုရာသီမှာတော့ ဂရီးလစ်ရှ်က စီးတီးအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့တဲ့အပြင် ရီးယဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ပွဲမှာလည်း လမ်းပတ်ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွင်း ဖန်တီးမှု အများဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါတယ်။

Chelsea boss Frank Lampard spoke highly of Man City's Jack Grealish ahead of their match

Photo Credit : Daily Mail

ဂရီးလစ်ရှ်နဲ့ ပတ်သက်ပြီး လမ်းပတ်က “ကျွန်တော် ဂရီးလစ်ရှ်ကို သဘောကျတယ်။ ကျွန်တော်က သူရဲ့ အမာခံ ပရိသတ်တစ်ဦးပါ။ အမြဲတမ်းလည်း သူ့ကို အားပေးသွားမှာပါ။ သူက အရည်အသွေးပိုင်းရော ပင်ကိုစရိုက်မှာပါ ကောင်းမွန်တဲ့ ကစားသမား တစ်ဦး။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ မန်ချက်စတာစီးတီးအသင်းဘက်က သူ့အတွက် သုံးစွဲလိုက်ရတဲ့ တန်ကြေးနဲ့ ပတ်သက်ပြီး အားလုံးက သတိထား စောင့်ကြည့်နေကြတယ်။ မေးခွန်းတွေ ထုတ်ကြတယ်။ ဒါပေမယ့် သူက off the ball ဖြစ်နေချိန် နဲ့ အသင်းအတွက် အံ့မဝင်ဖြစ်နေချိန်တွေမှာ သူရဲ့အလုပ် ကြိုးစားမှုနဲ့ တဖြည်းဖြည်းချင်း လုပ်ဆောင်လာနိုင်ခဲ့တယ်။ ဘောလုံးကိုင်ထားချိန်မှာလည်း ပိုပြီးတော့ကို တိုးတတ်လာတယ်။”

The England international has got five goals and seven assists in the Premier League this year

Photo Credit : Daily Mail

“သူရဲ့ ဘောလုံး အသိညဏ်နဲ့ သူ့အရည်အချင်းတွေက သူ့အတွက် တကယ့်ကို အားသာချက်တွေပါ။ တကယ်လို့ ခင်ဗျားက ကွင်းထဲမှာ လုပ်ဆောင်ပြရမယ့် အရာတွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် အသင်းရဲ့ လူစာရင်းထဲကို ပါဝင်နိုင်မှာ မဟုတ်ဘူး။ ကစားသမားတိုင်းက ဒီလို အခြေအနေမှာ ကောင်းကောင်း မတုံ့ပြန်နိုင်ခဲ့ပေမယ့် ဂျက်ကတော့ ထက်ထက်မြက်မြက်နဲ့ကို တုံ့ပြန်နိုင်ခဲ့တယ်။ သူက တကယ်ကို ထိပ်တန်း ကစားသမားတစ်ယောက်ပါ။” လို့ ချီးမွှမ်းသွားခဲ့ပါတယ်။