မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ရီယိုဖာဒီနန်က ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာစီးတီးအသင်းကို ဖလား (၃)လုံးချန်ပီယံအဖြစ် မြင်တွေ့လာရနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Manchester City thrashed Arsenal 4-1 at the Etihaf stadium on Wednesday evening

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ မနေ့ညက အာဆင်နယ်ကို အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ် (၂)မှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ပြီး ပွဲကျန် (၂)ပွဲလည်း ရှိနေသေးတဲ့အတွက် ပရီးမီးယားလိဂ်ဖလားက အခြေအနေကောင်းလာရပါတယ်။ အက်အေဖလားဘက်မှာလည်း ဖိုင်နယ်အထိ တတ်လှမ်းထားပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ တတ်လှမ်းထားလို့ စီးတီးရဲ့ ဆုဖလား (၃)လုံးလမ်းကြောင်းက အခြေအနေကောင်းရပြီး ဖာဒီနန်ကိုယ်တိုင်ကလည်း ဒီရာသီမှာ စီးတီးကို ဖလား (၃)လုံး ချန်ပီယံအဖြစ် မြင်တွေ့ရနိုင်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Former Man United star Rio Ferdinand believes Man City could win three trophies this season

Photo Credit : Daily Mail

“သူတို့အသင်းကို ဖယ်ရှားပြီး ပြောလာမယ်ဆိုရင် ခင်ဗျားက မိုက်မဲလွန်းတဲ့သူလို့ပဲ ကျွန်တော် ထင်ပါတယ်။ သူတို့ ကစားသွားရဦးမယ့် ပွဲတွေအားလုံးကို အနိုင်ယူသွားနိုင်တယ်။ ဒါကိုလည်း လွန်ခဲ့တဲ့ (၂)နှစ်ခန့်လောက်ကတည်းက သူတို့တွေ အမှတ်တွေ အမြောက်အများ စုဆောင်းခဲ့ရင်း သက်သေပြထားခဲ့တယ်။ အရေးကြီးတာက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲပါပဲ။ မက်ဒရစ်က ဘယ်လို ပုံစံမျိုးပဲ ဖြစ်နေပါစေ ချန်ပီယံလိဂ်မှာဆိုရင် ဘယ်လိုတွေ စွမ်းဆောင်နိုင်လဲဆိုတာ သူတို့ သမိုင်းကြောင်းကို ကြည့်ရင် မြင်နိုင်ပါတယ်။ သူတို့မှာ နေရာအစုံ ကမ္ဘာ့အဆင့် ကစားသမားတွေလည်း ရှိနေသလို လက်ရှိ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အတွေ့အကြုံလည်း ရှိနေပါတယ်။”

Jack Grealish and his Man City team-mates could record the famous treble this season

Photo Credit : Daily Mail

“ဒါပြီးရင်တော့ ဒါဘီပွဲ ဆင်နွဲရပါမယ်။ အက်အေဖလား ဖိုင်နယ်ကတော့ ဘာတွေ ဖြစ်လာမလဲဆိုတာ ခင်ဗျား မပြောနိုင်ပါဘူး။ စီးတီးကတော့ ရေပန်းစားနေပါလိမ့်မယ်။ ရေပန်းစားနေတဲ့အတိုင်း သူတို့ လုပ်နိုင်မလားဆိုရင်တော့ သူတို့လုပ်နိုင်ပါလိမ့်မယ်။” လို့ ဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ မန်ယူနိုက်တက် တစ်သင်းတည်းကပဲ ဖလား(၃)လုံး(ချန်ပီယံလိဂ်+ပရီးမီးယားလိဂ်+အက်အေဖလား) ချန်ပီယံ ဖြစ်ထားခဲ့ရပြီး လက်ရှိမှာလည်း မန်စီးတီးက သူတို့ရဲ့ မြို့ခံအသင်းအတိုင်း လုပ်ဆောင်နိုင်ဖို့ အလားအလာကောင်းနေရပါတယ်။