အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဖီနာဘာချီအသင်းရဲ့ တူရကီ full-back ကစားသမား ဖာဒီ ကဒီအိုဂလူးကို ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရရှိထားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းက ဒီနှစ်ဘောလုံးရာသီမှာ ဒက်ကလန်ရိုက်စ် ၊ ကိုင်းလ် ဟာဗက်ဇ်နဲ့ ဂျူလီယန် တင်းဘားတို့ကို ခေါ်ယူခဲ့သလို ဘရန့်ဖို့ဒ်က ဂိုးသမား ဒေးဗစ် ရာယာကိုပါ အငှားနဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ ကစားသမားအင်အားကို အတောင့်တင်းဆုံးဖြစ်အောင် တည်ဆောက်ခဲ့ပါတယ်။

Photo Credit : Arsenal FC

ဒါကြောင့်လည်း ဒီရာသီထဲမှာ အာဆင်နယ်အသင်းရဲ့ ကစားအားတွေ စွမ်းဆောင်ရည်တွေက မနှစ်ကထက် ပိုမို ကောင်းမွန် တိုးတက်လာခဲ့ရပြီး ကလပ်အသင်းတိုင်းကိုလည်း စိန်ခေါ်နိုင်တဲ့ ကစားသမား အစုအဖွဲ့တစ်ခုကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာလည်း ဆုဖလား မျှော်လင့်ချက်တွေ နည်းပါးနေသေးတာဖြစ်လို့ အာဆင်နယ်အနေနဲ့ ဈေးကွက်မဖွင့်ခင်မှာပဲ အပြောင်းအရွှေ့အတွက် လှုပ်ရှားမှုတစ်ခုကို စတင် လုပ်ဆောင်လာပါတယ်။

အာဆင်နယ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ကစားသမားက တူရကီ နောက်ခံအစွန်လူဖြစ်တဲ့ ကဒီအိုဂလူး ဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ် ဘယ်နောက်ခံလူ ကဒီအိုဂလူးက ၂၀၁၈ခုနှစ်ကတည်းက တူရကီထိပ်သီး ဖီနာဘာချီအသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းအတွက် (၆)ရာသီ ကစားထားပြီးချိန်မှာ (၁၇)ဂိုးသွင်းကာ (၂၂)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : Gooner Talk

တူရကီ လက်ရွေးစင်အသင်းအတွက်ပါ (၁၅)ပွဲအထိ ပါဝင်ကစားပေးထားနိုင်ခဲ့တဲ့ ကဒီအိုဂလူးက ဘယ်နောက်ခံနေရာရော ညာနောက်ခံနေရာအပြင် လိုအပ်ရင် ကွင်းလယ်နေရာထိ ကစားနိုင်သူဖြစ်လို့ အာဆင်နယ်က သူ့ကို ဇင်ချန်ကိုရဲ့နေရာမှာ အသုံးပြုဖို့အတွက် အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

ကစားသမားရဲ့ ဖခင်ဖြစ်သူ ပြောဆိုချက်အရ အာဆင်နယ်အသင်းက ကဒီအိုဂလူးကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားတယ်လို့ သိရှိရပြီး ဖီနာဘာချီနဲ့ပါ သဘောတူညီနိုင်ဖို့အတွက် ပြောက်းရွှေ့ကြေး ယူရို သန်း(၃၀)ဝန်းကျင်လောက်အထိ အသုံးပြုသွားရနိုင်ပါတယ်။

https://www.youtube.com/@MySportMyanmar/videos