တစ်ချိန်က ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား အော်စကာက သူရဲ့ ဘောလုံးသမားဘဝကို အဆုံးမသတ်ခင်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Oscar targets ambitious Chelsea return four years on from £60m move to  China | Goal.com

Photo Credit : Goal

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အော်စကာဟာ သူရဲ့ စီနီယာ ဘောလုံးသမားဘဝကို ဘရာဇီးလ် ကလပ် ဆော်ပေါ်လိုအသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေ အင်တာနာစီယွန်နယ်ကို ရောက်ရှိခဲ့ကာ ၂၀၁၂ခုနှစ်မှာတော့ ချယ်လ်ဆီးအသင်းဆီ ထပ်မံ ရောက်ရှိခဲ့ပါတယ်။ ချယ်လ်ဆီး ကစားသမားဘဝ တာထွက်ရာသီမှာပဲ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၆၄)အထိ ပါဝင်ကစားဖြစ်ခဲ့တဲ့ အော်စကာဟာ ချယ်လ်ဆီးနဲ့ (၄)ရာသီကျော် ဖြတ်သန်းခဲ့ရင်း ပရီးမီးယားလိဂ်ဖလား ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတို့ကို ပိုင်ဆိုင်ခဲ့ပြီး အသင်းအတွက်ကိုလည်း ပွဲအရေအတွက်ပေါင်း (၂၀၃)ပွဲ ပါဝင် ကစားဖြစ်ခဲ့ပါတယ်။

Photo Credit : Marca

၂၀၁၇ခုနှစ်မှာတော့ အော်စကာဟာ ချယ်လ်ဆီးကနေ တရုတ်စူပါလိဂ် ကလပ်အသင်း ရှန်ဟိုင်းSIPG(အခု ရှန်ဟိုင်းပို့တ်)ဆီကို ပြောင်းရွှေ့ကြေး ပေါင်(၆၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အော်စကာရဲ့ တစ်နှစ်လုပ်ခဟာလည်း ပေါင်(၂၁)သန်းထိ ရရှိခဲ့ပါတယ်။ ငွေရေးကြေးရေး မက်မောမှုကြောင့် ချယ်လ်ဆီးကနေ တရုတ်စူပါလိဂ်ဆီ ပြောင်းရွှေ့ခဲ့တယ်လို့ ဝေဖန်ခံခဲ့ရတဲ့ အော်စကာက သူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး နောင်တရမှု တစ်စုံတစ်ရာ မရှိပေမယ့်လည်း သူ အနှစ်သက်ဆုံး အမှတ်ပေးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လာချင်မိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Goal

အခုဆိုရင် အော်စကာဟာ ရှန်ဟိုင်းပို့တ်အသင်းနဲ့ သတ္တမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေပြီဖြစ်ပြီး တရုတ်စူပါလိဂ်မှာပဲ သူရဲ့ ကစားသမားဘဝကို ကုန်ဆုံးချင်ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီလည်း ပြန်သွားချင်နေသလို သူ့အသင်းဟောင်း ချယ်လ်ဆီးဆီမှာ ပြန်ကစားချင်နေပါတယ်။ ဒါပေမယ့် ရှန်ဟိုင်းပို့တ် အသင်းခေါင်းဆောင် အော်စကာဟာ ၂၀၂၄ခုနှစ် နိုဝင်ဘာလအထိ အသင်းနဲ့ စာချုပ်သက်တမ်းက ကျန်ရှိနေသေးတာဖြစ်ပြီး သူ့ကို ခေါ်ယူချင်တယ်ဆိုရင်တောင် သူရဲ့ လက်ရှိ လုပ်ခလစာအတိုင်း ကမ်းလှမ်းဖို့က ခက်ခဲနိုင်ပါတယ်။