နိုင်ငံတကာပွဲစဉ်တွေ ကစားတဲ့ ရက်သတ္တပတ်တွေ အပြီးမှာပဲ ကျွန်တော်တို့ ဘောလုံးချစ် ပရိသတ်ကြီး အတွက် ပွဲကြီးပွဲကောင်းတွေက  အဆင်သင့် စောင့်မျှော်နေပြန်ပါပြီ။ ဒီတပတ်မှာတော့ ကျွန်တော်တို့က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီတွေထဲက နှစ်ခု ဖြစ်တဲ့ လန်ဒန်ဒါဘီနဲ့ မန်ချက်စတာဒါဘီတို့ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီတခါမှာတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပက်ထရစ် အီဗရာရဲ့ လန်ဒန်ဒါဘီနဲ့ မန်ချက်စတာဒါဘီ အတွက် သုံးသပ်ခန့်မှန်းမှုတွေကို စုစည်း ဖော်ပြပေးသွားမှာပါ။

Photo Credit: Football London

အာဆင်နယ်နဲ့ စပါး (စနေနေ့ည ၆နာရီ)

ဒီပွဲက ပွဲကြီးပွဲကောင်း တခု ဖြစ်ပါလိမ့်မယ်။ လူတွေက အာဆင်နယ်ကို ချန်ပီယံလုဘက် အဖြစ် ပြောနေကြပါတယ်။ ဒီပွဲကတော့ သူတို့ဟာ တကယ်ပဲ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိမလား ၊ မရှိဘူးလား ဆိုတာကို သက်သေပြရမယ့် ပွဲပါပဲ။ သူတို့က ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်း သက်သေပြချင်ရင် မြို့ခံပြိုင်ဘက် စပါးနဲ့ တွေ့တဲ့ပွဲလောက် သက်သေပြလို့ ကောင်းမယ့်ပွဲ မရှိတော့ပါဘူး။ ကွန်တီက နည်းစနစ်ပိုင်းမှာ ဆရာတဆူပါပဲ။ ဒါကြောင့် သူ့မှာလည်း အာဆင်နယ်ကို ဖျက်ဆီးပစ်နိုင်တဲ့ အစီအစဉ်တွေ ရှိနေပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ဘယ်အသင်းမှ အနိုင်ရသွားမယ်လို့ မထင်ပါဘူး။ ပြီးတော့ ဒီပွဲက သွင်းဂိုးတွေ ရဖို့ အတော်လေးကို ခက်ခဲပါလိမ့်မယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၁-၁ စပါး

Photo Credit: Football London

မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် (တနင်္ဂနွေနေ့ည ၇နာရီခွဲ)

ကျွန်တော်တို့က ဒီပွဲမှာ သွင်းဂိုးတွေ အများကြီး မြင်ရမယ်လို့ ထင်ပါတယ်။ တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဂုဏ်ယူရအောင် ကြိုးစားသွားမှာ သေချာပါတယ်။ ဒါဘီပွဲ တပွဲကို နိုင်လိုက်ရင် ခင်ဗျားက ချီးကျူးမှုတွေ အများကြီး ရနိုင်တယ်လေ။ ဂွာဒီယိုလာကတော့ အမြဲတမ်း မန်ချက်စတာ ယူနိုက်တက်ကို ဖျက်ဆီး အနိုင်ယူချင်တဲ့လူဗျ။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲဟာ ပွဲကောင်း တပွဲ ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ ဒါဘီပွဲကောင်း တပွဲပေါ့။ ဟာလန်းကလည်း ဒီနေ့ပွဲမှာ သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဆိုတာကို သက်သေပြနိုင်ဖို့ မျှော်လင့်ထားပါသေးတယ်။ ကျွန်တော်ကတော့ မာတီနက်ဇ်နဲ့ ဗာရန်းတို့ အတွဲဟာ တကယ့်တိုက်ပွဲထဲကို သွားရလိမ့်မယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီပွဲကလည်း ကျွန်တော့်အတွက် သရေပွဲပါပဲ။

ခန့်မှန်းရလဒ် – မန်ချက်စတာ စီးတီး ၂-၂ မန်ချက်စတာ ယူနိုက်တက်

Photo Credit: Football London

တခြားပွဲများအတွက် အီဗရာရဲ့ ခန့်မှန်းချက်များ

လီဗာပူး ၂-၁ ဘရိုက်တန်

ဖူလ်ဟမ် ၁-၀ နယူးကာဆယ်

ဆောက်သမ်တန် ၀-၁ အဲဗာတန်

ခရစ္စတယ် ပဲလေ့စ် ၁-၂ ချယ်လ်ဆီး

ဝက်စ်ဟမ်း ၂-၀ ဝုလ်ဗ်

လိဒ်ယူနိုက်တက် ၁-၂ အက်စ်တွန်ဗီလာ

လက်စတာ ၀-၁ နော်တင်ဟမ် ဖောရက်စ်

ဘုန်းမောက် ၂-၂ ဘရန့်ဖို့ဒ်