အဲဗာတန်အသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ မော်ရိုကို တောင်ပံကစားသမား ဟာကင်ဇီယက်ရှ်ကို ပြောင်းရွေ့ကြေး ပေါင်(၂၅)သန်းနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ချယ်လ်ဆီးဘက်ကလည်း အသင်းသားတချို့ကို ရောင်းထုတ်ရဖို့ ရှိနေတဲ့အတွက် ဇီယက်ရှ်ကို ရောင်းချရနိုင်တယ်လို့ သိရပါတယ်။

Danjuma joins on loan

Photo Credit : Tottenham Hotspur

အဲဗာတန်အသင်းဟာ လက်ရှိအခြေအနေမှာ ရလဒ်ပိုင်းတွေ အလွန် ဆိုးရွားနေပြီး ဒီအခြေအနေကြောင့် အသင်းနည်းပြ ဖရန့်လမ်းပတ်ပါ အထုတ်ခံထားရသလို အသင်းရဲ့ လူငယ် တောင်ပံကစားသမားလေး အန်တိုနီဂေါ်ဒွန်ကိုပါ နယူးကာဆယ်အသင်းဆီ ရောင်းထုတ်ရဖွယ် ရှိနေရပါတယ်။ အဲဗာတန်အတွက် ပိုပြီး ထိုးနှက်ချင် ဖြစ်သွားတာက နယ်သာလန် တိုက်စစ်ကစားသမား အားနတ်ဒန်ဂျူးမားကို ဗီလာရီးယဲလ်ကနေ ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေချိန်မှာပဲ စပါးအသင်းရဲ့ ကြားဖြတ် ကြိုးပမ်းမှုကြောင့် ဒန်ဂျူးမားကိုယ်တိုင် စိတ်ပြောင်းသွားပြီး ကစားသမားကောင်းတစ်ဦးကို လက်လွတ်လိုက်ရတာက အဲဗာတန်အသင်းအတွက် မချင့်မရဲ ဖြစ်သွားရနိုင်ပါတယ်။

Photo Credit : Football London

ဒီလိုအချိန်မှာ အသင်းရဲ့ talent player လေး ဂေါ်ဒွန်ကိုပါ လက်လွတ်ရတော့မယ့် အခြေအနေမျိုး ရှိနေတာကြောင့် အဲဗာတန်က ချယ်လ်ဆီးရဲ့ မော်ရိုကိုလက်ရွေးစင် ဇီယက်ရှ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ် ကွင်းလယ်နဲ့ တောင်ပံကစားသမား ဇီယက်ရှ်ဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေအတွင်း ချယ်လ်ဆီးအသင်းအတွက် ပွဲအများစုမှာ ပွဲကစားခွင့်တွေ ပိုမို ရရှိထားခဲ့ပေမယ့်လည်း အသင်းမှာက ဒဏ်ရာပွဲပယ် ပြသာနာတွေ ရှိနေတာကြောင့်ဖြစ်ပြီး စတာလင် ဒဏ်ရာက သက်သာလာချိန် ဂျာအိုဖီးလစ် ပွဲပယ်ခံရမှု ပြည့်မြောက်သွားချိန်တွေမှာ ဇီယက်ရှ် နေရာပြန်ပျောက်လာနိုင်ပါတယ်။ ဒီအခြေအနေတွေအပြင် ချယ်လ်ဆီးအသင်းဟာ အခုနှစ် နွေရာသီနဲ့ ဆောင်းရာသီ ဈေးကွက်တွေအတွင်း ကစားသမား ခေါ်ယူမှုတွေ တပုံတပင် ခေါ်ယူထားခဲ့တာကြောင့် အသင်းကနေ ကစားသမားတချို့ကိုပါ ထုတ်ရောင်းဖို့က လိုနေပြီး ဒီထဲမှာ ဇီယက်ရှ်လည်း ပါဝင်လာနိုင်ပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်နေရတဲ့ ဇီယက်ရှ်ကို ဥရောပ ကလပ်အသင်းတွေများစွာက ပစ်မှတ်ထားနေကြပြီး စီးရီးအေက ရိုးမား အေစီမီလန်အသင်းတွေအပြင် ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေတဲ့ အဲဗာတန်ကပါ ဇီယက်ရှ်ကို ခေါ်ယူချင်နေကာ ချယ်လ်ဆီးဘက်ကလည်း သူတို့ ကစားသမားကို ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။