ချယ်လ်ဆီးအသင်းဟာ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ကို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် တိုက်စစ်မှာ အဆုံးသတ်ပိုင်း ပိုကောင်းမွန်လာစေဖို့အတွက် ပြင်သစ်တိုက်စစ်မှူး မားကပ်စ်သူရမ်ကိုပါ ဆက်လက် ကြိုးပမ်းဖွယ် ရှိနေသေးတယ်လို့ နာမည်ကျော် ဂျာနယ်လစ်တွေက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ရာဟင်းစတာလင် အူဘာမီယန်း ကိုင်ဟာဗက်ဇ် ဟာကင်ဇီယက်ရှ် ခရစ္စတီယန်ပူလီဆစ်(injury)နဲ့ ဘရိုဟာ(injury)တို့လို တိုက်စစ်ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး အခု ဆောင်းဈေးကွက်မှာလည်း တိုက်စစ်ပိုင်းအတွက် ဒါထရိုဖိုဖာနာနဲ့ ဂျာအိုဖီးလစ်တို့ကိုပါ ထပ်မံ ခေါ်ယူထားတဲ့ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှာ ကစားသမား အရေအတွက်တွေ များစွာ စုပြုံနေပေမယ့် ဒဏ်ရာရ ကစားသမားတွေ များလွန်းနေတာနဲ့ အသင်းရဲ့ တိုက်စစ် sharp သိပ်မဖြစ်တာတွေကြောင့် မိုချန်ဂလာဘတ်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ်သူရမ်ကိုပါ ထပ်မံ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : UK Sports News

လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပူလီဆစ်နဲ့ ဘရိုဟာတို့က ဒဏ်ရာပြသာနာ အသီးသီးကြောင့် ရက်ရှည် အနားယူနေရသလို စတာလင်ကလည်း ဒဏ်ရာအနည်းငယ် ရရှိနေပြီး အူဘာမီယန်းနဲ့ ဇီယက်ရှ်တို့က အားရစရာ ခြေစွမ်းတွေ ရှိမနေတဲ့အတွက် ဂျာအိုဖီးလစ်နဲ့ ဖိုဖာနာတို့ကို ခေါ်ယူခဲ့ပေမယ့် ဖီးလစ်က နောက်ချန်တိုက်စစ် ဒါမှမဟုတ် ဘယ်တောင်ပံနေရာတွေမှာ ပိုမို ကစားတတ်သူ ဖြစ်သလို ဖိုဖာနာကလည်း အသက်အရွယ်နဲ့ အတွေ့အကြုံပိုင်းတွေမှာ လိုအပ်ချက်တွေလည်း ရှိနေသေးတာတွေကြောင့် ချယ်လ်ဆီးက တိုက်စစ်မှာ ပိုပြီး clinical ဖြစ်နိုင်မယ့် ကစားသမားတစ်ဦးကို ထပ်မံ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ချယ်လ်ဆီးအသင်းဟာ လာမဲ့နွေမှာ free agent player တစ်ယောက် ဖြစ်လာတော့မယ့် ပြင်သစ်တိုက်စစ်မှူး သူရမ်ကို အလိုရှိနေပြီး နွေမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ထက် အခု ဈေးကွက်မှာပဲ ပြောင်းရွေ့ကြေးတစ်ခုခုနဲ့သာ ကမ်းလှမ်းသွားချင်နေပါတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ သူရဲ့ လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးမဲ့ အချိန်ထိ လက်ရှိကလပ် မိုချန်ဂလာဘတ်မှသာ ဆက်ရှိနေချင်ပြီး နွေမှပဲ သူ့စိတ်ကြိုက် အသင်းတစ်သင်းဆီ ပြောင်းရွေ့ချင်နေတယ်လို့ သိရပါတယ်။