မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် ဗဟိုခံစစ်ကစားသမားကြီး ဂျွန်နီ အီဗန်စ်ဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မြောက်အိုင်ယာလန် ကစားသမားကြီး အီဗန်စ်ဟာ ယူနိုက်တက် လူငယ်အကယ်ဒမီထွက်ဖြစ်ပြီး ၂၀၀၆ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိနဲ့ အခု ၂၀၂၃ခုနှစ်တွေအထိ ယူနိုက်တက် ကစားသမားအဖြစ် (၂)ကြိမ်တိုင်တိုင် ပါဝင်ကစားဖြစ်ခဲ့ပါတယ်။

Photo Credit : Sport Brief

ယူနိုက်တက်ရဲ့ခံစစ်မှာ ဖာဒီနန် ဗီဒစ်တို့လို အမာခံ ခံစစ်မှူးတွေနဲ့အတူ ပွဲကစားခွင့်တွေ ရရှိခဲ့သလို ဖာဂူဆန် အချစ်တော် ကစားသမားလည်း ဖြစ်ခဲ့တဲ့ အီဗန်ဟာ ၂၀၀၆ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၉၈)ပွဲအထ်ိ ကစားပေးနိုင်ခဲ့ပါတယ်။

အီဗန်စ်ဟာ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား လိဂ်ဖလား ကလပ်ကမ္ဘာ့ဖလားတို့ကို ပိုင်ဆိုင်ခဲ့တဲ့အထိ အောင်မြင်နိုင်ခဲ့သလို မြောက်အိုင်ယာလန် အသင်းအတွက်ကိုလည်း ပွဲပေါင်းများစွာ ကစားဖြစ်ခဲ့ပါသေးတယ်။

Photo Credit : United in Focus

ယူနိုက်တက်နဲ့ လမ်းခွဲချိန်မှာ ဝက်ဘရွန်းစ် လက်စတာတို့ဆီ ပြောင်းရွှေ့ခဲ့ပြီး ဒီနှစ် ဘောလုံးရာသီမှာပဲ အသင်းဟောင်း ယူနိုက်တက်ဆီ အလွတ်နဲ့ ပြန်လည် ပြောင်းရွှေ့လာရင်း တစ်ရာသီလုံးမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲအထိ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အီဗန်စ်က သူရဲ့ ဘောလုံးသမားဘဝကို ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်ထားကြောင့် ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ယူနိုက်တက်အသင်းဆီ အကြောင်းကြားထားခဲ့တာမို့ ယူနိုက်တက်အနေနဲ့ကလည်း ဒီနွေမှာပဲ ဗဟိုခံစစ်မှူး (၂)ဦးခန့်လောက်အထိ ခေါ်ယူသွားရနိုင်ပါတယ်။